8

9.3K 751 35
                                    

လောင်းရိပ်

(8)

"Park jimin ဘာလုပ်နေလဲ...''

တိတ်ဆိတ်လှသောထမင်းစားခန်းထဲမှာ ....
Jeon အသံဟာ သြဇာအပြည့်နှင့်
ဟိန်းထသွားသည်...။

အိမ်အကူအကြီးဆုံး အဒေါ်ကြီးမှ လွဲ၍
ဘယ်သူမှ အနားမကပ်ရဲကြ...
မဖြေရဲကြ၍.... အဒေါ်ကြီးက...
ရှေ့သို့တတ်လာကာ....
ခါးကိုကိုင်း၍....

"အကိုလေး အခန်းထဲမှာရှိပါတယ်..သခင်လေး Jeon..''

Jeon:"သွားခေါ်လာခဲ့..''

"ဒါ..ဒါပေမယ့်...''

Jeon:"ဘာဖြစ်လဲ..''

"အကိုလေး ကနေမကောင်းလို့ အိပ်နေတာပါ
သခင်လေး Jeon...''

Jeon:"အဒေါ်ကြီး!!''

"ဟုတ်..ဟုတ်ကဲ့..''

Jeon:"အမြနိသွားခေါ်လာခဲ့လို့ ကျုပ်ပြောနေတယ်မဟုတ်လား...''

"ဟုတ်ကဲ့ပါ သခင်လေး Jeon..''

နေမကောင်းသည်ကို အကြောင်းပြကာ..
အိပ်ရာထဲမှမထသော မင်နီးလေးအားအတင်းအကြပ်သွားခေါ်စေခဲ့သူ Jeon...

အရင်က Daddy နဲ့အတူ ထမင်းစားခန်းမှာ
အတူတူ ထမင်းစားနေကျ....
Daddy မရှိတော့ အရာရာဟာ ခြောက်ကပ်နေသလိုပင်....

တိတ်ဆိတ်နေသော ထမင်းစားခန်းထဲမှာ
တစ်ယောက်ထဲ အထီးကျန်လွန်းတာကြောင့်
မင်နီးလေးကို ခေါ်ခိုင်းစေခဲ့သည်..။

"အကိုလေး...အကိုလေး..''

အခန်းထောင့်တွင် အိပ်မောကျနေသော...
မင်နီးလေးကို အိမ်အကူက လာနိူးသောကြောင့်

Jimine:"အင်...ဟုတ်ကဲ့ အဒေါ်ကြီး..''

"သခင်လေး Jeon က အခေါ်ခိုင်းလိုက်လို့ပါ..''

Jimine:" ဟင်..Jeon ပြန်ရောက်နေပီလား..''

"ဟုတ်ပါတယ်အကိုလေး..''

Jimine:"ကျနော်အိပ်ပျော်သွားတာမို့ မသိလိုက်ဘူး...ကားသံလဲမကြားမိလိုက်ဘူး...''

"အကိုလေး အရမ်းပင်ပန်းနေပီ ထင်တယ်....
အဆင်မပြေရင် သခင်လေးကို နေမကောင်းလို့မလာနိုင်တဲ့ အကြောင်းပြောပေးရမလား..
အကိုလေး.....''

Jimine:"နေပါစေ ...ပြသာနာတတ်မယ့်
ကိစ္စ တွေ...ကျနော်မလိုလားဘူး...
ကျနော်သွားလိုက်ပါ့မယ်...''

လောင်းရိပ် Where stories live. Discover now