13

8.7K 660 19
                                    

လောင်းရိပ်

(13)

"ထမင်းထစား....''

ခပ်ပြတ်ပြတ် အသံနှင့်အတူ
Jeon ကထမင်းဘူးနဲ့ ရေဘူးတစ်ဘူးကို
မင်နီးလေး ရှေ့သို့ ပစ်ချလာပေးခဲ့သည်..။

စားချင်စိတ်လဲ မရှိ...စားလဲမစားနိုင်တာကြောင့်
မလူပ်မယှက် လဲနေရာမှ ထမလာသူကို....
တချက်စိုက်ကြည့်လိုက်ပီးး...

"မစားဘူးလား..သေသွားချင်တာလား
ဒီအတိုင်း....''

အပြုအမူတွေကလဲ ညှင်သာမူမရှိသလို
Jeon ရဲ့ စကားလုံးတွေဟာလဲ...
ညှင်သာမူမရှိခဲ့....

မထနိုင်တာသိရက်နဲ့...
အနည်းငယ်ကူညီဖေးမမူ မရှိပဲဘေးကနေ
ခပ်ပြတ်ပြတ်အမိန့်ပေးလာသူကို....
ပြန်လည် စိုက်ကြည့်လိုက်ပီး....

Jimine:"ငါ မထနိုင်ဘူး..စားချင်စိတ်လဲမရှိဘူး''

လူကသာ မထနိုင်ပေမယ့်
လေသံကတော့ မသေး....
အမှန်တကယ် မကျေမချမ်းဖြစ်နေခြင်းကြောင့်
စကားကို လေသံမာမာနှင့်ပြောလာခဲ့သူ
မင်နီးလေးအား Jeon က
လည်ပြန်ကြည့်ကာ.....အသက်မပါသလိုပြုံးပီး

Jeon:"လေသံက မသေးပါလား..
park jimin....ငါ့ကို မကျေမနပ်ဖြစ်နေသလိုပဲ''

Jimine:"မကျေမနပ်ဖြစ်တယ်တဲ့လား...
အဟင်းးး....မဟုတ်တာပဲ..ငါက မင်းဝယ်ထားတဲ့
အရုပ်ပဲကို... မကျေမနပ်ဖြစ်စရာလား...
မင်းစိတ်ကြိုက်နေရုံပေါ့..''

ရွဲ့ကာ ပြောနေမှန်း Jeon သိသည်...။

အခြေအနေတွေ ဒီလိုဖြစ်ဖို့
မရည်ရွယ်ခဲ့သော်လည်း...ဒေါသအလျောက်
ပြုခဲ့ ပီးနောက်... ပိုမိုတင်းမာလာသလို...

မင်နီးလေးဟာ အစမှာတော့
ကြောက်လန့်နေခဲ့ပေမယ့်..
သည်းခံနိုင်စိတ် ကုန်သွား၍လားမသိ...
Jeon ကတစ်ခွန်းပြောလျှင်..
သူက နှစ်ခွန်းလောက် ပြန်ပြောလာသည်...။

တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ မထနိုင်ခဲ့ပေမယ့်
မျက်လုံးအကြည့်တွေနဲ့
ပြင်းထန်တဲ့စကားတွေဟာ...တစ်ခွန်းဆိုရင်
တစ်ခွနိးဆိုသလောက် ထိမိလှသည်...။

အသားနာမှာကိုလဲ ကြောက်မနေတော့...
ခပ်စိမ်းစိမ်းပြန်ကြည့်ကာပင်...
ပြန်ပြောလာခြင်းကြောင့်....

လောင်းရိပ် Where stories live. Discover now