2

14.9K 1K 49
                                    

လောင်းရိပ်

(2)

နွေဦးမှာ လေရူးနဲ့ အတူ ရူးသွားရင်ကောင်းမယ်..
ကိုယ်မြတ်နိုးရသူရဲ့ အပြုံးလေးကို
မြင်ချင်လွန်းလို့.....ရူးတော့မှာပဲ...

ဟူးးးး.......

သက်ပြင်းတစ်ခုကို ခပ်ပြင်းပြင်းချလိုက်ပီး...
လက်ထဲက ကြယ်သီးလေးကို မမှိတ်မသုန်
ကြည့်နေတဲ့ Jeon ကို သူငယ်ချင်း တသိုက်ကကြည့်ကာ...တစ်ယောက်နဲ့ တစ်ယောက် မေးငေါ့ပြနေကြသည်....။

Tae:"hyg jeon...အဲ့ကြယ်သီးကို ထိုင်ကြည့်နေတာ ကြာလှပီ...ဘာလဲ ရွေထွက်လာမှာ မို့လို့လား...''

Jin:"အေးလေကွာ....စကားလဲ မပြောပဲ
တနေကုန် ဘာဖြစ်နေတာလဲ...လစ်နေတာလား.''

Jeon:"တိတ်စမ်းကွာ...အာရုံပျက်တယ်...
မင်းတို့ ကောင်တွေ''

Hoseok:"hyg ဘာလဲ....ဇာတ်လမ်းတွေ့လာတာလား...''

သူငယ်ချင်းတွေကို ပြောရင် ဝိုင်းလှောင်မှာစိုးလို့ မပြောပဲ ထိန်းထားပေမယ့် Hoseok ရဲ့
အမေးကြောင့် ...Jeon တစ်ယောက် မျက်ဝန်းလေးတွေ အရောင်တောက်သွားကာ..အိပ်နေရာမှ ထလိုက်ပီး....

Jeon:"ဒီလိုကွာ..ငါပြောတာကို သေချာနားထောင်နော်....''

ရုတိတရက်လေးလေးနက်နက်ကြီး အိပ်ရာမှ
ထထိုင်ကာ...ပြောလာသော Jeon ကြောင့်
သူငယ်ချင်းတွေလဲ စပ်စုချင်စိတ်ဖြင့်...
ခေါင်းတွေ ဆိုင်ကာ ကြည့်လာကြသည်..။

Jeon:"မင်းတို့ အချစ်ဆိုတာကို ယုံကြလား..''

Namjoon:"ဘာများလဲလို့.... ငါတို့က နှလုံးသားနဲ့ ကောင်တွေ ပဲကွ....ယုံတာပေါ့...''

Hoseok:"အေးလေ....မင်းသာ နှလုံးသားမရှိတာ..ငါတို့က ချစ်တတ်တယ် ဟဲဟဲ..''

ရယ်ကြဲကြဲ လုပ်နေတဲ့ ကောင်တွေ ကို..
လက်ထဲက ရေဘူးဖြင့် တချက်ကောက်ထုလိုက်ပီး....

Jeon:"မင်းတို့ အသာနေစမ်းး...ငါပြောချင်တာကကွာ...ကောင်လေးတစ်ယောက်ကို ချစ်မိသွားတာကို ပြောတာ...''

ရေဘူးနဲ့ အထုခံရလို့ ကြောင်သွားတာကတစ်မျိုး
ဒဲ့ကြီးပြောချလိုက်သော
သူ့ စကားကြောင့်တမျိုး....
အားလုံးကြောင်သွားကြကာ သူ့ကိုပြူးကြည့်နေကြသည်...။

လောင်းရိပ် Where stories live. Discover now