လောင်းရိပ်
(20)
နေ့တနေ့ရဲ့ အစကို
နာကျင်မူဒဏ်ရာတွေနဲ့ စတင်ရတဲ့
ဘဝက ဘယ်တော့များမှ
လွတ်မြောက်နိုင်မှာလဲ........တခါတလေ ဘယ်သူမှမရှိတဲ့နေရာ....
ဘယ်သူမှ မသိနိုင်မယ့်နေရာကို
တိတ်တိတ်လေး ထွက်သွားချင်မိတယ်....ဘာ..လို့..လဲ..ဆို..တော့.....
ကျနော် အရမ်းပင်ပန်းနေပီ...မို့..ပါ.....😔
..................................................................
မနက်မိုးသောက် အချိန်အခါ....
4:00 ဝန်းကျင်လောက်ပေါ့Jeon စံအိမ်ကြီးရဲ့....
ပတ်ဝန်းကျင်ဟာ ခပ်ဖွဲဖွဲလေးကျနေခဲ့သော
မြူနှင်းစလေးတွေနဲ့ အတူ......
မှောင်ပြပြ အခြေအနေဖြစ်ဖြင့်
ငြိမ်သက်တိတ်ဆိတ်နေခဲ့သည်...အေးလွန်းလှတဲ့ မနက်ခင်းမှာ
Jeon စံအိမ်ဟာလဲ
တစ်ဖွဲဖွဲကျနေသော
မြူနှင်းတွေနဲ့ အတူ ပန်းချီကားတစ်ချပ်အလားတင့်တယ်စွာ ရှိနေခဲ့ပေမယ့်အခန်းငယ်တစ်ခုရဲ့ အိပ်ရာထက်မှာတော့
အင်အားမဲ့စွာ ရှိနေခဲ့သော
မင်နီးလေး....ဆေးသွင်းထားရသော အခြေအနေရယ်ပါ...
ပန်းကန်လုံးဖြင့်ထိမိထားသော....
ခေါင်းမှာ ပတ်တီးစီးထားကာ...
လက်မှာ လဲ ဒဏ်ရာလေးတွေက အထင်းသားမင်နီးလေးရခဲ့တဲ့ ဒဏ်ရာတွေဟာ...
အခုလိုအေးခဲလှတဲ့ ဆောင်းမနက်ခင်းမှာ
ဘာမှ မလုပ်ပဲနဲ့တောင်
တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို
နာကျင် ကိုက်ခဲနေမှာ အမှန်....လက်တစ်ဆုပ်စာ ခန္တကိုယ်လေးမှာ
ဒဏ်ရာတွေ ဗလာပွ နဲ့ မြင်ရခြင်းမှာ
သိပ်တော့ မြင်မကောင်းလှ.....Jeon နှင့်ပြသာနာတတ်တိုင်း ရခဲ့သော....
ဒဏ်ရာပေါင်းများစွာကြောင့်
အိပ်ရာထက်မှာပဲ အချိန်ကုန်ခဲ့ရတဲ့
နေ့တွေလဲ မနည်းတော့ပါ......ရန်ဖြစ်တိုင်း လက်ပါတတ်လှသော...
Jeon ကြောင့် သေလုနီးပါးထိ ဒဏ်ရာတွေ
ရခဲ့ကာ....ခန္တကိုယ်ဒဏ်ရာထက် စိတ်ဒဏ်ရာက
ပိုခဲ့မည်ထင်သည်.....။သာမာန်လူတစ်ယောက် အတွက်တောင်
ခံရခက်လွန်းလှတဲ့ နာကျင်မူနဲ့
စိတ်ဒဏ်ရာတွေဟာ...နုနယ်လှတဲ့
မင်နီးလေးအတွက်ဆိုရင်တော့ .......
မေ့ပျောက်လို့ မရတဲ့ ဝေဒနာတွေ အဖြစ်
ကျန်ခဲ့မှာ အမှန်ပင်မဟုတ်ပါလား......