5

11.5K 756 30
                                    

လောင်းရိပ်

(5)

ရင်ခွင်ထဲမှာ ထည့်ထားရင်းနဲ့တောင်....
မင်းကို ဆုံးရူံးရမှာ ကြောက်ခဲ့တဲ့ ကိုယ်ပါ...။

တစ်မိနစ် တစ်စက္ကန့်လေးတောင် ခွဲပီးမနေနိုင်တဲ့
ကိုယ့်ကို အပြီးတိုင် ထားသွားမယ့်အစား......

ရင်ကို ခွဲပြီး နှလုံးသားကို အပြင်ထုတ်ပီး......
အသေသာ သတ်လှည့်ပါတော့....

...................................................................

"သက်သာ လာပီလား... Yoongyi ''

Yoongyi: "ဟုတ်ကဲ့ ဒေါက်တာ...''

"ဒဏ်ရာတွေ များနေသေးတာမို့ ဂရုစိုက်ဦး..
ပြင်းပြင်းထန်ထန် ဘာမှ လုပ်လို့မရသေးဘူး..''

Yoongyi: "ကျနော် ဘယ်နေ့လောက် ဆေးရုံဆင်းလို့ ရနိုင်မလဲ...''

"သန်ဖက်ခါလောက်ဆို ဆင်းလို့ရပီ..''

Jeon jungkook လူတွေ ရိုက်နှက်၍
သေလုမြောပါး ဒဏ်ရာတွေနဲ့ Yoongyi သည်
လမ်းသွားလမ်းလာများက ကူညီ၍
အချိန်မှီဆေးရုံ ပို့ခဲ့နိုင်သောကြောင့်....
ကံကောင်း၍ အသက်မသေခဲ့.....

ဆေးရုံမှ ဆင်းဆင်းချင်းသွေးကြွေးဆပ်စရာတွေ
ရှိနေသည်....။
ရန်ငြိုး ရန်စ တစ်စမှ မရှိပါပဲ....
လူကို သေလုမြောပါး ရိုက်သွားခဲ့ကာ...
စာနာစိတ်မရှိ အမှောင်ထုထဲသို့....
ပစ်ချသွားခဲ့သည့် အပြင်.....

မင်နီးလေးကိုပါ ဖမ်းခေါ်သွားခဲ့သည့်...
လူမိုက်ခေါင်းဆောင် Jeon jungkook နှင့်
ရှင်းစရာတွေ အများကြီးရှိနေသည်....။

မင်နီးလေးကိုလဲ စိတ်ပူမိသည်....
စိတ်အားငယ်ပီး
ကြောက်တတ်တဲ့ကလေးငယ်က
ဒီလို လူရမ်းကား အသိုင်း အဝိုင်းကြားမှာ
ဘယ်လိုနေထိုင်နေရလဲ မသိ....

ချက်ချင်းပြေးကာ သွားတွေ့ချင်ပေမယ့်လဲ
အခွင့်မသာနိုင်.....တစ်ခုခုမှားသွားခဲ့ရင်
Jimine ရော သူပါ အန္တရယ်
ရှိလာနိုင်သောကြောင့်.....
အဝေးကနေစောင့်ကြည့်နေဖို့ ဆုံးဖြတ်ခဲ့သည်...။

.....................................................................

"Jimine..''

"အမယ်လေး....လန့်လိုက်တာ..''

လောင်းရိပ် Where stories live. Discover now