လောင်းရိပ်
(10)
အရှိန်အဝါကြီးတဲ့ မိသားစုမှာ
မွေးဖွားလာခဲ့သူ ကျနော်ဟာ...
ငယ်ငယ်လေးထဲက ကျနော်လိုချင်တာ...
ဘာမဆို ရအောင်ယူတတ်ခဲ့တယ်....။အဲ့ဒါကျနော့်ရဲ့ ကြီးမားတဲ့ အမှားတစ်ခုလား..
ငယ်ငယ်ကကျနော်လိုချင်တာရရင်....
ကျေနပ်ပြီ....တခြားသူရဲ့ ခံစားချက်ကို..
ထည့်မတွက်ခဲ့....။အခုဒီလူသားလေးကို ကျနော် လိုချင်လွန်းလို့
ကျနော့်အကျင့်အတိုင်း သိမ်းယူခဲ့ပေမယ့်...
ငယ်ငယ်တုန်းကလို ပျော်ရွှင်မူကို
ကျနော်မရခဲ့......ဘာတွေ မှားသွားခဲ့တာလဲ......
လူသားထဲက လူသားတစ်ယောက်ပဲမို့...
ကျနော်လည်းချစ်တတ်တယ်....
ခံစားချက်ရှိတယ်....ငြင်းပယ်ခံရတဲ့...
ခံစားချက်ကိုလဲ သိလာခဲ့တယ်...။အဆိုးဆုံးကတော့ ကျနော်ချစ်ရတဲ့သူမှာ...
သူမေ့ပစ်လို့ မရနိုင်တဲ့ လူရှိနေခဲ့တာပဲ...။တခြားသူတစ်ယောက်အတွက်
မျက်ရည်ကျတိုင်း....ကျနော့်ရင်မှာတဆစ်ဆစ်
နာကျင်ရလွန်းတာကို ချစ်သော လေးကတော့
မသိခဲ့......။.................................................................
"Tae...''
Jin:"မင်းအခုတလောပျောက်နေတယ်နော်..''
Namjoon:"ငါတို့ အဖွဲ့ထဲမှ Jeon ေရာ မင်းပါမရှိတော့ ငါတို့လဲ လေနေတယ် အရမ်းး''
Hoseok:"jeon က Jimine ကြောင့်ပျောက်နေတယ်ပဲထားဦးတော့...မင်းကရော ဘာလို့လဲ..''
သူငယ်ချင်းတွေ အရင်လို စုံစုံလင်လင်မရှိတော့
Jeon ကလဲ Jimine ကြောင့် အရက်တွေပဲ
ဖိသောက်ကာ...ပေါ်မလာခဲ့...။Jin:"hyg ဖြေဦးလေ...''
တစ်ယောက်တစ်ပေါက်မေးနေကြပေမယ့်....
Tae ဘာဖြေရမှန်းမသိ....သိတာတစ်ခုထဲJimine ကို လွမ်းတယ်...တွေ့ချင်တယ်...
အဆင်ပြေနေရဲ့လား သိချင်တယ်..
ဒီလောက်ပဲ.....သတိရလွန်းလို့ အိမ်ထဲက အိမ်ပြင်ပင်
မထွက်ဖြစ်ခဲ့....Jeon အပေါ်
အားနာသောကြောင့်လဲ ပါသည်...။
Jeon ရဲ့ မြတ်နိုးသူလေးကိုမှ သူကလဲ
ချစ်နေမိသည်မဟုတ်ပါလား....