41

8.3K 543 25
                                    

လောင်းရိပ်

(41)

ထမင်းစားခန်းထဲမှာ....ညစာအတွက်
ကိုယ်တိုင် အပင်ပန်းခံပီး ပြင်ထားတဲ့မောင်က
အဆင်သင့် ဖြစ်နေပီ.....

မောင့် ကလေးငယ်ကတော့
အခုထိဆင်းမလာသေး

ရေချိုးကြာလိုက်တာဟုတွေးနေရင်း....
စောင့်နေတာလဲအတော်ကြာနေပီဖြစ်တာကြောင့်
အပေါ်သို့ တက်သွားခဲ့လိုက်သည်....

"Jimine....မပီးသေးဘူးလား... ကွာ....
ကြာလိုက်တာ ကလေးရေ....''

လှေကားထိပ်မှ လှမ်းအော်သော်လည်း
ဘာမှ တုန့်ပြန်မူမရှိတာကြောင့်
အခန်းထဲသို့ ဝင်သွားလိုက်စဥ်တွင်
ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေသော
ကလေးငယ်ကို တွေ့လိုက်ရတော့....
မောင်ကစွေ့ကနဲကောက်ပွေ့ကာ....

Jeon:"အိပ်ပျော်နေတာပဲ မောင့် ကလေးရယ်...
မောင်ကတော့ အောက်မှာ စောင့်နေတာ...
အရမ်းပင်ပန်းနေလို့ လားဟင်...''

ရင်ခွင်ထဲ မှာ အရုပ်ကလေးသဖွယ်ပါလာခဲ့တဲ့
မောင့် ကလေးငယ်ရဲ့ မျက်တောင်လေးတွေဟာ
အနည်းငယ်လူပ်ရှားလာပီး....
ရင်ခွင်ထဲမှ မျက်လုံးမဖွင့်သေးပဲ
မောင့်ကို သဲ့သဲ့လေးပြုံးပြကာ....

Jimine:"sorry မောင်...ကိုယ် ခနပဲ လှဲလိုက်တာ
အိပ်ပျော်သွားတယ်...''

Jeon:"ပင်ပန်းနေရင် နားတော့လေ....
မောင် ညစာအတွက် ယူလာပေးမယ်
အောက်မဆင်းနဲ့ တော့နော်.....''

Jimine:"ရပါတယ် မောင်ရယ်....''

ရင်ခွင်ထဲမှာ မျက်နှာလေး အပ်ကာ...
ချွဲနေပုံလေးက တနေကုန် လွမ်းနေခဲ့တဲ့
မောင့် စိတ်တွေကို နိူးဆွပေးနေသလို....

နူးညံ့တဲ့ အထိအတွေ့လေးတွေက
ဒီနေ့ တစ်နေ့လုံး မောင်လိုအပ်နေခဲ့တာ....

မင်း ရယ်သံသဲ့သဲ့လေးတွေကို....
မောင်လွမ်းနေခဲ့တာ.....

မင်းရဲ့ ယုယမူလေးတွေကိုမှ ဒီနေ့မရရင်
မောင် အိပ်လို့ မပျော်နိုင်ဘူး ထင်ပါရဲ့.....

ကုတင်ပေါ်သို့အသာလေး တင်လိုက်ကာ....
နဖူးလေးကို ခပ်ဖွဖွလေးနမ်းတော့
သာမာန်ထက်ပို၍ လွန်ကဲနေတဲ့
အနွေးဓာတ်ကြောင့်....
မောင်က နဖူးလေးကို ခပ်ဖွဖွလေး စမ်းလိုက်ကာ

လောင်းရိပ် Where stories live. Discover now