11

8.8K 679 34
                                    

လောင်းရိပ်

(11)

"ပုံလှလှလေးတွေ ထွက်လာသားပဲ....
ဒီပုံတွေကို Jeon ဆီကို ပို့လိုက်...''

"ဟုတ်ကဲ့...မမလေး...''

Yoongyi နောက်သို့... နောက်ယောင်ခံ..
လိုက်ခိုင်းကာ... မင်နီးလေးနှင့် အတူရှိနေခဲ့သော
ပုံတွေကို ယူခိုင်းသည်မှာ တခြားသူမဟုတ်......

Yoongyi ၏ စေ့စပ်ထားသူ....မိန်းကလေး...
Hara ဖြစ်သည်...။
လူကြီးချင်းသဘောတူထားသည်
ဖြစိသော်လည်း....Hara သည် Yoongyi ကို
စစတွေ့ချင်းမှာပင် သဘောကျသွားခဲ့သည်

လက်ထပ်မယ့် ကိစ္စ ကို Hara ဘက်မှ...
အားကြိုးမာန်တက် လုပ်နေသော်လည်း....
yoongyi ကတစ်စက်ကလေးမျှပင်...
ဝင်မပါခဲ့...မဂ်ဆောင်ဝတ်စုံ ..သွားရွေးမည့်
နေ့မှာပင် ပေါ်မလာခဲ့သော Yoongyi ၏
နောက်ကြောင်း ကို စုံစမ်းကြည့်ရာ....

jimine အကြောင်းသိရသဖြင့်...
ပစ်မှတ်ထားခဲ့ကာ...အကွက်ကျစေ့စပ်နေအောင်
စီစဥ်ခဲ့ သည်.....။

"Jeon ရဲ့ လက်ချင်နဲ့ မသေခဲ့ရင်လဲ...
ငါကမင်းကို သတ်ပေးမယ်..''

Hara သည်...
ရုပ်ကလေးလှပေမယ့်....စိတ်ဓာတ်ကတော့
မာကြောခက်ထန်သူဖြစ်ကာ

Jeon လိုပဲ အချစ်ကြီးတတ်သူ ဖြစ်၍....
အမျက်လဲ ကြီးသည်....။

မိမိစေ့စပ်ထားသော...သတို့သားလောင်းမှာ
တခြားသူဆီ စိတ်ရောက်နေသော....
ဖြစ်ရပ်သည်..မာနကိုထိခိုက်လွန်းသည်ဖြစ်၍
ဘယ်လိုမှ လက်မခံနိုင်.....

"ကိုက ငါ့အတွက်ပဲ....''

တစ်ကိုယ်တည်းရေရွတ်ကာ စားပွဲခုံပေါ်တွင်
တင်ထားသော ပုံလေးတွေကို
တဖန်ပြန်ယူကြည့်မိတော့...
အလွန်နီးကပ်နေလွန်းသော...jimin နှင့် Yoongyi တို့ ၏ ပုံရိပ်တွေကြောင့် ဒေါသစိတိရော ဝမ်းနည်းစိတ်ပါ ရော၍ခံစားလိုက်ရသောကြောင့် ဝေ့တတ်လာသော မျက်ရည်တွေကို
မျက်တောင်ဖြင့် ခတ်ကာ သိမ်းယူလိုက်ပီး..

"ငါ့အပေါ်မှာသာ အေးစက်နေပီး...
Park jimin နဲ့ကျတော့ နီးကပ်နေလွန်းတယ်...
တကယ်ပဲ...ဘာတွေကများ...
ငါ့ထက်သာနေလို့လဲ....''

Yoongyi မြတ်နိုးရသူ ဖြစ်ပီး...သိပ်လှလွန်းသူ
မင်နီးလေးကြောင့် ပို၍ မနာလိုမိကာ....

လောင်းရိပ် Where stories live. Discover now