4

12.6K 886 22
                                    

လောင်းရိပ်

(4)

သနားစရာကောင်းလိုက်ပုံများ...
လူတစ်ယောက်လုံးကို .....
အနိုင်ကျင့်သိမ်းယူနိုင်ခဲ့ပေမယ့်....

နှလုံးသားကိုတော့ သေတာတောင်...
အရယူနိုင်မှာ မဟုတ်ဘူးတဲ့.....💔

.....................................................................

အိပ်ပျော်နေတဲ့ မင်နီးလေးကို....
ရင်ခွင်ထဲမှာ တင်းကြပ်စွာ ဖက်ထားရင်း...
လွတ်ထွက်သွားမှာ ကြောက်နေခဲ့တဲ့ Jeon...

မင်နီးလေး နိုးထလာခဲ့လို့....
သူ့စီနီယာအကြောင်းမေးခဲ့ရင်...
ဘယ်လိုပြန်ဖြေရမလဲ....

အကယ်၍ အဖြစ်မှန်ကို သိသွားခဲ့ရင်...
သူ့ကိုမုန်းနေမှာလား....
မျက်နှာလှလှလေးရဲ့...အမုန်းတွေကို Jeon ရင်ဆိုင်နိုင်ပါ့မလား....

အတွေးပေါင်းစုံနဲ့.... Jeon ဟာ
မင်နီးလေးမျက်နှာကို တစိမ့်စိမ့်ကြည့်ပီး...
ရင်တွေမောနေခဲ့ကာ...

နိူးထလာခဲ့ရင် ရင်ဆိုင်ရမယ့်...
အဖြစ်အပျက်တွေ အတွက်
ကြောက်လန့်နေခဲ့သည်....။

မုန်းသွားမှာ ကြောက်တာ....
ပိုင်ဆိုင်ပီးမှ ပြနိဆုံးရူံးရမှာကို ကြောက်တာ...
အဆုံးရူံးမခံနိုင်လို့ လူကြမ်းကြီးဘွဲ့ရ Jeon ဟာ
ကြောက်နေခဲ့တာ....

.....................................................................

နောက်တနေ့မနက်တွင်.....

"အား....ကျွတ်..ကျွတ်..''

မူးဝေနေသော ခေါင်းကို ကိုင်ကာ...မင်နီးလေးတစ်ယောက် နိုးထလာခဲ့သည်...။
ဘေးဘီကို ကြည့်လိုက်တော့ ပတ်ဝန်းကျင်က
လုံးဝ မရင်းနှီးနေ...
ရူပ်ပွနေသော အခန်းကျယ်ကြီးထဲ
ဘယ်လိုရောက်နေမှန်းမသိ....

ခေါင်းကအမူးမပြေသေးသဖြင့် မတ်တပ်ရပ်ဖို့
ကြိုးစားသော်လည်း...အဆင်မပြေ...
ယိုင်နဲ့နေသော ခန္တကိုယ် နှင့်
မူးဝေနေသောခေါင်းကို အသာထိန်းကာ...
ဖြေးညှင်းစွာ ထလိုက်ပီး....

"ငါဘယ်ကို ရောက်နေတာလဲ စီနီယာ..စီနီယာရော''

ချောက်!!!!!

အပြင်မှတံခါးဖွင့်သံကြောင့် လန့်သွားကာ..
နံရံဘက်သို့ ပြေးကပ်လိုက်သည်...။

လောင်းရိပ် Where stories live. Discover now