14

8.4K 657 20
                                    

လောင်းရိပ်

(14)

အခြေအနေ တွေဒီလောက်ထိ
ဆိုးမယ်မှန်းသိခဲ့ရင်...
ကိုယ်လေ မင်းကို လွှတ်ပေးခဲ့ပါတယ်.....

ကိုယ်မင်းရှင်းပြတာကို နားထောင်ခဲ့သင့်တာ....

အခုတော့....အခုတော့.....

.....................................................................

ဒဏ်ရာအရှိန်တွေနဲ့ ဘယ်လောက်ထိ
အိပ်ပျော်နေခဲ့ မှန်းမသိ.....
အိမ်ပြန်ရောက်နေခဲ့တာကို ပင်မသိလိုက်သော
မင်နီးလေးသည် နောက်တနေ့မနက်မှာတော့
နိုးလာခဲ့သည်...။

အရင်ကလောက် ဒဏ်ရာတွေဟာ
မပြင်းထန်တော့ပေမယ့်...
လက်ကောက်ဝတ်တွင် ဂေါက်ရိုက်တံနှင့်
ထိခိုက်ထားသော ဒဏ်ရာမှာတော့
အရှင်းမပျောက်သေးပေ....

နိုးလာလာချင်း ဗိုက်ထဲမှ ဆာလောင်မူကြောင့်
အောက်ထပ်သို့ဆင်းလာကာ....

"အဒေါ်ကြီး...''

"အ..အကိုလေး...နိုးပီလား...''

Jimine:"အင်း...လက်က ကိုက်လိုက်တာ..''

လက်မှ ဒဏ်ရာလေးကို ဖိပီး....
မျက်နှာလေး ရူံ့မဲ့ကာ ပြောနေသော
မင်နီးလေး ကို ကြည့်ကာ အဒေါ်ကြီးမှာ
သနား၍ မဆုံး...

နဂိုထဲက အသားအရေ နုနယ်လွန်းသူလေးမို့
ဒဏ်ရာတွေက အတိုင်သားမြင်နေရကာ
နီရဲနေဆဲပင်........

ပိန်ကျသွားသော ခန္တကိုယ်လေးမှာ.....
တကယ်ပင်သေးသေးလေးသာ ရှိတော့သည်..။
မျကိနှာလေးမှာလဲ ချောင်ကျနေကာ...
အရင်ကလို လန်းဆန်းမနေ....

"ဘာစားမလဲ အကိုလေး..''

Jimine:"စားလို့တော့ ဝင်မယ်မထင်ဘူး..
အရင်ဆုံး စွပ်ပြုတ်ပဲ သောက်ကြည့်တာပေါ့''

"ဟုတ်ကဲ့ အကိုလေး...ပြင်ပေးပါ့မယ်...''

Jimine:"နေမကောင်းတော့ အမေ့ကို
လွမ်းလိုက်တာ....ခွဲစိတ်တဲ့ နေ့မှာတောင်...
ကျနော်ရှိမနေပေးနိုင်ခဲ့ဘူး...''

မင်နီးလေး စကားကြောင့်...
အဒေါ်ကြီး ခြေလှမ်းတွေမှာ....
တုန့်ခနဲ ရပ်တန့်သွားသည်...။
ဘာပြန်ပြောရမှန်း မသိ...
စကားသံတွေ ခနတာ တိတ်ဆိတ်သွားကာ
လိူက်တတ်လာသော ခံစားချက်ကို မြိုသိပ်ကာ
ဖြေး​ဖြေးချင်းအနောက်သို့ လှည့်ကြည့်လိုက်ပီး

လောင်းရိပ် Where stories live. Discover now