30

7.2K 531 16
                                    


(မှားတင်မိတဲ့ အပိုင်းက နောက်မှလာတာ
ဖက်ပီးတဲ့ ကောင်မလေးတွေက....
ထပ်ပီး ဖြည့်ဖက်ပေးနော်....
တကယ်တော့ ကျနော် ဒီနေ့ နည်းနည်း
မူးနေလို့ 😁

ဒီအပိုင်းလဲ ထပ်ဖြည့်စရာတွေ ရှိနေပေမယ့်
နားလည်ပေးပါလို့.....

Covid p ဖြစ်သွားတဲ့ hyung line 3
ယောက်ကို စိတ်မကောင်းလွန်းလို့
ထပ်မရေးနိုင်တော့တာ.....နားလည်ပေးပါဗျ
မီးယားနဲ ♥)

လောင်းရိပ်

(30)

အဖြစ်အပျက် တွေက မျက်လှည့်ပြသလို
မြန်ဆန်လွန်းလှကာ....
တွေတွေကြီး ရပ်နေမိသည်....

ဘာတွေ ဖြစ်သွားခဲ့တာလဲ.....
တကယ်ကို.....
မသိတော့ပါ....

မိမိတင်မက.... အပြစ်မရှိသူတွေပါ
ထိခိုက်နစ်နာအောင် တမင်
ဖန်တီးယူနေပါသော လူကို မုန်းလာမိသည်....

နာကျဥ်းချက်ကြောင့် ကျလာတဲ့
မျက်ရည်တွေက ထိန်း၍ မရ နိုင်လောက်အောင်
ပျော့ညံ့စွာ စီးကျလာခဲ့သည်....

ကိုယ်ရှေ့မှာပဲ....စီနီယာကို
သိမ်နုပ်တဲ့သူလို ဆက်ဆံခဲ့တဲ့ အတွက်
စိတ်မကောင်းလဲ ဖြစ်ရသလို.....

အပြည့်အဝ မကာကွယ်ပေးနိူင်လိုက်ခြင်း
အတွက်လဲ....
စိတ်ထဲမှာလဲ လုံးဝကျေနပ်မနေ.....

မွန်းကြပ်လာတဲ့ စိတ်တွေကို....သက်ပြင်းချ၍
ပြေလျော့ကာ...ထိုင်ခုံကို မှီလိုက်ပီးး
မျက်လုံးလေးတွေ မှိတ်ထားကာ....
ခနမှေးနေစဥ်.....

ဒေါက်....ဒေါက်....

တံခါးခေါက်သံကြောင့်
မျက်ရည်စတွေကို အမြန်သုတ်လိုက်ကာ...
ဟန်မပျက်နေလိုက်ပီး....

Jimine:"ဟုတ်ကဲ့....''

Chan:"ကျနော် ဝင်ခဲ့မယ်နော်....''

Jimine:"ဟုတ်ကဲ့....ဘာကိစ္စရှိလို့လဲ
Chan...''

Chan:"lunch လာစားတာမတွေ့လို့ ....
ကျန်းမာရေးကို အဓိကထားပါဦး...
မဟုတ်ရင် ထိခိုက်လိမ့်မယ်... jimine....''

Jimine:"စိတ်ပူပေးလို့ ကျေးဇူးပါ...ဒါပေမယ့်
ကျနော် စားချင်စိတ်မရှိသေးလို့....''

ဝုန်းးးးးးးးးးး

"ဟင်.....''

တံခါးမခေါက်ပါပဲ ဆောင့်ကန်ကာ
ဝင်ချလာသည့် Jeon....
လက်ထဲမှာလဲ အရက်ပုလင်းကို ကိုင်ကာ...
ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ တယိမ်းတယိုင်
ဝင်လာခဲ့တာကြောင့်
နှစ်ယောက်လုံး လန့်ကာ...မှင်သက်စွာ
ကြည့်နေမိစဥ်မှာပဲ....

လောင်းရိပ် Where stories live. Discover now