2A1O Chapter 《6》

10.4K 1.5K 17
                                    


"ဘယ်Alpha ရဲ့ခါးက ဒီလောက်သွယ်လို့လဲ..ယုံဖို့ခက်တယ်"



ပေါ်ဟွိုက်က ရသစာပေ ကျောင်းသားဖြစ်ခဲ့ဖူးသည်။

ယခုမူ ပေါ်ဟွိုက်က နန်မြို့တော်​၏ အကောင်းဆုံးကျောင်းတွင် သိပ္ပံပထမ ဖြစ်နေပြန်ပြီ။

အတန်းထဲမှလူများမှာ သတင်းတွေကို တစ်ခုပြီးတစ်ခုတွေ့လာရသည့်နောက်တွင်တော့ ပေါ်ဟွိုက်ကိုမြင်သည့်အမြင်တို့မှာ လေးစားခြင်းများကနေ ကြောက်ရွံ့ခြင်းသို့ကူးပြောင်းလာကြ​၏။

နတ်ဘုရားတွေကိုဆိုရင် လေးစားခံရတတ်ပြီး အလွန်အကျူးဖြစ်လာရင်တော့ ကြောက်ရွံ့သွားစေမှာပါပဲ..

ကျန်စုန့်ယိဟာ ဘာလို့ ပေါ်ဟွိုက်က သူတို့တွေ့ကြတိုင်း သိပ္ပံမေးခွန်းတွေကို လုပ်နေမှန်း သဘောပေါက်သွားရပြီဖြစ်သည်။ သူက အပြစ်ကင်းကာ ဝီရိယရှိသည့် ပုံစံမျိူးဖြစ်သော်လည်း ဤသည်က ထိုအရာကြောင့် ဖြစ်ဟန်မတူပါချေ။

ကျန်စုန့်ယိမှာ ရုတ်ခြည်းပင် အနည်းငယ်စိတ်ဝင်စားလာရသလို ဖြစ်လာရသည်။

သူ့မှတ်မိသလောက်ဆိုရင် ပေါ်ဟွိုက်သည် ဆင်ခြင်တုံတရားရှိကာ ပြတ်သားသည့်လူစားမျိူးဖြစ်သည်။သူသည် အထက်တန်းတတိယနှစ်ကျမှ ပိုင်မြို့ကနေ နန်မြို့တော်ကို ပြောင်းလာပြီး ရသစာပေ ကနေ သိပ္ပံကို ပြောင်းလဲယူမည့် လူမျိူးမဟုတ်ပါချေ။

သူက မာနကြီးနေရင်တောင် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အမွေဆက်ခံဖို့အတွက် ရသစာပေကိုသင်ယူစေချင်သည့် သူ့အဖေကလက်သင့်ခံမည်မဟုတ်ပေ။

ကျန်စုန့်ယိမှာ အိမ်နီးချင်းလည်းဖြစ်၊ခုံအတူထိုင်သူလည်း ဖြစ်တာနဲ့အညီ အနည်းငယ်တော့ လူကိုဂရုစိုက်ပေးသင့်သည်ဟု ခံစားမိလေသည်။

ကျိူးလော့နှင့် Chat မှ ထွက်ကာ အဖြူရောင် Avatarကို နှိပ်လိုက်​၏။

[ မင်းဘာလို့ ရုတ်တရက် ရသစာပေကို ပြောင်းလိုက်တာလဲ?]

သူဆက်၍စောင့်မနေပဲ [မင်း အဖေနဲ့ ရန်ဖြစ်ထားပြန်ပြီလား?]ဟု ပို့လိုက်ရာ တစ်ဖက်မှ message ပြန်ပို့လာသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now