2A1O Chapter《87》

3.3K 417 1
                                    


『ပြီးမြောက် အမှတ်အသား 』



ကျန်စုန့်ယိ လက်တွေကို ပေါ်ဟွိုက် ပုခုံးပေါ်ဖိချလိုက်ရာ အရမ်းပြင်းသွားသောကြောင့် ညှပ်ရိုးတွေက အပြည့်အဝပေါ်လာကာ သွေးကြောပြာရေးရေးကိုပင် မြင်နေရသည်။

ဒီအားက အတော်ကြီးလွန်းတာကြောင့် ပေါ်ဟွိုက်မှာ ကျန်စုန့်ယိတကယ် စိတ်ဆိုးနေကြောင်း ယုံရမယ့် အကြောင်းအရင်းတွေရှိလာ​၏။

သို့သော် သူ ဒေါသထွက်နေချိန်မှာတောင် သူ့ကို အရူးလုပ်လို့မရကြောင်းခံစားမိသည်။ သူက susceptibility ကာလကညှဉ်းပန်းနေသည့် စိတ်ခံစားချက်နှင့် စိတ်ဆန္ဒတွေကို ထိန်းဖို့ကြိုးစားရင်း ကျန်စုန့်ယိ ခါးကို ဆွဲကာ၊ အားကိုလျှော့၍ သူ့ကိုယ်သူ တစ်ဝက်မတ်လိုက်ပြီး အက်ရှနေသည့်အသံဖြင့် မေးလိုက်သည်။ " မင်းမှာ inhibitorရှိလား ? "

ကျန်စုန့်ယိယူခဲ့သည်။ ပေါ်ဟွိုက် ထွက်သွားကတည်းက သူဟာ inhibitors နဲ့ အဟန့်အတားဆေးတို့ကို တစ်ပါးတည်း ယူဖို့မှတ်ထား၍ ဘယ်တုန်းကမှ မမေ့။

သို့ပေမယ့် သူက ပေါ်ဟွိုက်ကို ငုံ့ကြည့်ပြီးစကားနှစ်ခွန်းကို မဆိုင်းပဲ ဖွင့်ထုတ်လိုက်သည်။ " မယူခဲ့ဘူး။ "

ပေါ်ဟွိုက် ဘယ်လောက်သည်းခံနိုင်လဲ သူသိသဖြင့် ပေါ်ဟွိုက်ကို ရစ်မူးရာမှာ ကြားဖြတ်အခွင့်အရေးရှာတွေ့သွားမှာမျိူးခွင့်မပြုနိုင်ပါ။

ဒါက susceptibility ကာလဖြစ်တာကြောင့် ပေါ်ဟွိုက်ရဲ့ကိုယ်ပိုင် ချုပ်တည်းနိုင်စွမ်းကြီး ဘယ်ျလာက်ပဲ အားကောင်းနေပါစေ၊ နှစ်ထောင်ပေါင်းများစွာကတည်းက လူသားမျိုးဗီဇတွေမှာ ရေးထွင်းထားသည့် ရှေးတုန်းက လိုအင်ဆန္ဒတွေထက် ပိုပြီး မာကျောနေမည်မဟုတ်ဟု ကျန်စုန့်ယိက ယုံကြည်ထားသည်။

သူ့ ခန္ဓာကိုယ်မှ Heat ပေါင်းဆုံမှုကြောင့် နှင်းဆီရိုင်းအနံ့တွေက ပိုပိုပြီး စဉ်းလဲစွာ ထူပြောလာခဲ့ပြီး Alpha ရဲ့ နောက်ဆုံးကန့်သတ်ချက်ကို နောက်တစ်စက္ကန့်အတွင်း ချိုးဖောက်တော့မည့်နှယ်။

ပေါ်ဟွိုက် အဖို့ မတွေးနိုင်တော့လောက်အောင်ပင်။ Alphaရဲ့ susceptibility ကာလက Omegaတွေရဲ့ Heat ကာလလိုခဏခဏ ဖြစ်တတ်သည်မဟုတ် ; တစ်နှစ်မှ တစ်ကြိမ်သော်၎င်း၊ နှစ်နှစ်မှ တစ်ကြိမ်သော်၎င်း ဖြစ်နိုင်တာဖြစ်ပေမယ့်Alpha susceptibility ကာလက Omega ရဲ့ Heatကာလတွေထက် ပိုပြီးထိန်းမရဖြစ်တတ်သည်ဟု ဆိုလိုကာ မှီခိုဖို့လဲInhibitor မရှိပေ။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now