2A1O Chapter《43》

5.9K 855 18
                                    

Edited version

Unicode

" ပြတင်းပေါက်ကို ထိုးဖောက်ဖို့ တိုက်ဆိုင်မှုကို စောင့်နေတယ် "

ကျန်စုန့်ယိ ခဏတာမျှ ကြောင်အသွားရသည်။ သူလှုပ်လို့ရပြီလို့ ခံစားလိုက်ရတာနဲ့ စားပွဲတွင်းရှိ မော်ဒယ်တူ ဖုန်းတစ်လုံးကို ထုတ်လိုက်ပြီး 0101ကိုနှိပ်လိုက်ရာ သူမျှော်လင့်သည့်အတိုင်း။

Iversonရဲ့ ချောမောလှတဲ့မျက်နှာက ပေါ်လာသည်။

ကျန်စုန့်ယိ လက်တစ်ဖက် တစ်လုံးစီကိုင်ထားရင်း ကိရိယာနှစ်ခုကို ဘယ်ကြည့်ညာကြည့်ဖြစ်နေ​၏။

"ပေါ်ဟွိုက်"

"ဟင်?"

ပေါ်ဟွိုက် ခေါင်းစောင်းကြည့်လိုက်လျှင် ကျန်စုန့်ယိလက်ထဲမှ လော့ဖြည်ထားတဲ့ ဖုန်းနှစ်လုံးကို တွေ့လိုက်ရာ သူ့နှလုံးသားမှာ တင်းကျပ်သွားရ​၏။ သို့သော် ဘာမှ မဖြစ်သလိုမျိူး သူ မြန်မြန် ဖုံးကွယ်လိုက်သည်။

"ဘာလဲ? မင်း passwordကို ထည့်ကြည့်ခဲ့တာလား?"

" လာပြန်ပြီ 0101"

"အိုး...အင်းလေ"

လေသံမှာ မထူးခြားနေသော်ငြား ရှင်းလင်းသပ်ရပ်သော စာရွက်ပေါ်၌ ဘောပင်ဖျားက မပြေပြစ်လှသော အမှတ်တစ်ခုကိုရေးခြစ်နေမိ​၏။

"ဘာလို့လဲ?"

" 'ဘာလို့လဲ'က ဘာကိုဆိုလိုတာလဲ"

"မင်း Passwardက 0101လေ။ ငါ့မွေးနေ့ကြီး!! မင်းဘယ်လိုတောင် ငါ့မွေးနေ့ကို ထားနိုင်ရတာလဲ? မင်းငါ့ကို crushနေတာဟုတ်တယ်မလား"

" အင်း... မှန်တယ်"

"..."

ရိုးရှင်းသောစာကြောင်းလေးဖြစ်သည့်တိုင် လေထုဟာ သေလောက်အောင် တိတ်ဆိတ်သွားသည်။

ကျန်စုန့်ယိသည် ပေါ်ဟွိုက်ဖုန်းအား သူ့စားပွဲခုံထဲသို့ ပစ်ထည့်လိုက်သည်မှာ အသံပင် မြည်သည်အထိ။

" မင်း ငါ့ကို စောက်ကျိူးနည်း ဟာသတွေလာလုပ်နေတာ ဟုတ်တယ်မလား? ဟာသလုပ်ဖို့ကြိုးစားနေတာလား၊ သောက်ရမ်း ပျင်းနေလို့လား? ဒီလို ပေါက်တတ်ကရတွေပြောနိုင်တယ်ပေါ့လေ? ဒီလိုတွေသာ လုပ်နေရင် ငါတို့ ညီအစ်ကိုတွေ ဖြစ်လို့မရတာနဲ့ အဆုံးသတ်ရလိမ့်မယ်"

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now