2A1O Chapter 《31.1》

6.1K 938 27
                                    


『သူ ပေါ်ဟွိုက်ကို ကောင်းပေးဖို့လိုတယ်』


ပထမတုန်းက သူ အားလုံးကို တစ်ယောက်ချင်းဆီ ပို့လိုက်ဖို့ စီစဉ်ထားခဲ့ပေမယ့် မတော်တဆဆိုသလို အားလုံးကို ဂရုတစ်ခုထဲကို ဆွဲသွင်းမိရက်သားဖြစ်သွားသည်။

ချက်ချင်းပင် messageတွေက အပြုံလိုက်တက်လာခဲ့​၏။

ငါက မှိုဝတုတ်: [ ထိရောက်မှုအရှိဆုံး ဝိတ်ချတဲ့ ကုထုံး! ]

သောက်ချောကြီးရွှီ : [ နတ်ဘုရားမလေးတစ်ယောက်နဲ့ one night stand !]

ရှေ့ဖြစ်ဟော၆၀%လျှော့ဈေး : [ ငါ့CPလေးရဲ့ လက်ထပ်မှတ်ပုံတင်! ]

ချစ်ဖို့ကောင်းတဲ့လော့လော့လေး : [ငါ့ နတ်ဘုရားနဲ့ one night stand !]

သောက်ချောကြီးရွှီ: [ ခဏလေး စုန့်ကောက တစ်ယောက်ယောက်ကိုပါ ထည့်ဖို့ မေ့နေတယ်လို့ ထင်တာဘဲ?]

လုချီဖုန်း : [ ငါ့တို့မွေးနေ့တွေအရ မတွေးနဲ့လေ။ တဲ့ပြောလိုက်ပါတော့လား! မင်း ပေါ်ဟွိုက်ကို ပေးဖို့တွေးနေတာမဟုတ်ဘူးလား? အကောင်းတကာ့အကောင်းဆုံး နည်းလမ်းရှိတယ် : မင်းကိုယ်မင်းသာ ပေးလိုက် ]

လုချီဖုန်း: [ မင်း ကျိူးလော့ကိုသူ့ထင်မြင်ချက် မေးကြည့်နိုင်တယ်.]

ကျန်စုန့်ယိ: [ ဘာကိုမေးရမှာလဲ? ငါသာ ပေါ်ဟွိုက်အတွက် MBပေးမယ်ဆိုရင်ရော? အဲ့ဒါက တရားဝင်လား မဝင်ဘူးလား?* ]

B.: [ စိတ်ကူးသက်သက်တွေပြောနေတာပဲ၊ အဲ့ဒါအတွက် ပိုက်ဆံပေးတာက တရားမဝင်ဘူး၊ မပေးရဘူးဆိုရင်တော့တရားမဝင်တာ မဟုတ်ဘူး,*]

【 *MB = Money Boy ;အခကြေးငွေနဲ့ sex serviceလုပ်တဲ့ ကောင်လေးတွေကို ဆိိုလိုတာပါ​။

* ပေါ်ဟွိုက်ပြောချင်တာက အဲ့ဒါအတွက် လူငှားမယ်ဆိုရင်တော့ တရားမဝင်ဘူး။ ဒါပေမယ့် ကြားထဲမှာအငှားမပါပဲ(သဘောတူ) ဆိုရင်တော့ တရားမဝင်တာမျိူး မဟုတ်ဘူးလို့ပြောတာပါ။ 】

ကျိူးရှောင်လော့: "..."

ယန်းယွဲ့: "..."

ယွီဇစ်ကော်: "..."

လုချီဖုန်း : "..."

အားလုံးက " သောက်ချောကြီးရွှီက 'B.' ကို ဂရုထဲ ဖိတ်ခေါ်လိုက်ပါပြီ " ဆိုတဲ့ messageကို သုံးစက္ကန့်ဘေလာက်ကြည့်နေမိကြသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now