2A1O Chapter《9》

9.4K 1.3K 87
                                    


"Fan-Club ကို ဘယ်လို Joinရမလဲ?"


အတင်းစကားအားလုံးမှသည် ရူးမိုက်ကြသည့် အိုမယ်ဂါများမှာ နေဝင်ရီတရောတွင် အားကစားရုံထဲသို့ ရောက်လာကြသည်။ တစ်ယောက်စ၊နှစ်ယောက်စမှာ အလွန်အရူးအမူးဖြစ်နေကြကာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြ။ Forumတစ်ခုလုံးမှာ တရုတ်နှစ်သစ်ကူးသဖွယ်စည်ကားနေ​၏။

ကျိူးလော့ပို့လိုက်သည့် ပိုစ့်မှာ ပြဿနာအများဆုံးဖြစ်လေသည်။

Owner ID: ယာဂုချိုချိုလေး

ပထမမှာ အားကစားရုံဘေးတွင်ရပ်နေသည့် ပေါ်ဟွိုက်​၏ လျှို့ဝက်ရိုက်ကူးထားသည့်ပုံဖြစ်သည်။

လမ်းမီးရောင်က သူ့ကိုရိုက်ခတ်လျက်ရှိနေပြီး သူ့မျက်ဝန်းများမှာ အေးစက်နေကာ ပုံပန်းကလဲ ရှည်လျား၍ အရှိန်အဝါတို့မှာ ဆိတ်ငြိမ်ကာအားကြီးလှသည်။

သူ့နောက်တွင် မသက်မသာဖြစ်နေသည့် အယ်လ်ဖာအနည်းငယ်ရှိနေပြီး အရှူံးပေးထားသည့်နှယ် မောပန်းနေကြလေသည်။

ဒုတိယ ဆက်စပ်ထားသည့် ပုံမှာ : ခပ်ဝါးဝါးပုံရိပ်လေးကတောင် ဆွဲဆောင်နိုင်မှုနဲ့ Alphaပီသမှုတို့ကို မဖုံးကွယ်နိုင်ဘူး။ငါ အရမ်းကြိုက်နေပြီ။ မင်းတို့မသိပါဘူး Pheromoneတွေက အယ်လ်ဖာဆယ်ယောက်ကျော်ကို ဖိနှိပ်နိုင်တယ်ဆိုတာကြီးက တကယ်ကြောက်စရာပဲ။ ပြီးတော့သူက အေးစက်စက်နဲ့ ထိန်းချုပ်နိုင်သေးတယ်..!ဒီလိုရိုးရှင်းမှုကိုက အကောင်းဆုံးပဲ​! ပေါ်ဟွိုက် စောက်ရမ်းမိုက်တယ်! သခင်ပေါ် အသက်ရှည်ပါစေ! သခင်ပေါ်အတွက်မွေးဖွားလာပြီး သခင်ပေါ်အတွက် သေဆုံးမယ်! သခင်ပေါ့်အတွက်ဆို နံရံကိုတောင် တိုက်နိုင်တယ်။NFLS ကျောင်းရဲ့မြက်ကလေးဆိုတာ သခင်ပေါ်ကလွဲ တခြားမရှိ!"

[ငါကတော့ အဲ့ဒါက အမှတ်လှလှလေးလို့ပဲထင်တယ်။ငါအဲ့ဒီမှာရှိခဲ့တော့ သက်သေခံပေးနိုင်တယ်]

[တကယ့်ကို အရမ်းAlphaဆန်ချက်ပဲ! သူက အဲ့ဒီ ဟွမ်ဖုသံနွားအရူးကောင် ဝုန်းဒိုင်းကြဲနေတာ ရပ်သွားအောင်ထိ ဖိနှိပ်ပစ်လိုက်တာ....အဲ့ကောင်က Pheromones တွေလက်လွတ်စပယ်ထုတ်ရတာ ကြိုက်တဲ့သူမလား?ဆက်သာလုပ် ချပစ်လိုက် ! အစုတ်ပလုတ်!]

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now