2A1O Extra《5》

3.7K 543 11
                                    



『ပေါ်ဟွိုက်က ပိုင်စိုးခြယ်လှယ်လွန်းလှတဲ့ Alpha - အပိုင်း ၂ 』



ပေါ်ဟွိုက် မျက်လုံးထဲမှာဆို Alphaအားလုံးက ညစ်ပတ်သည်။

အထူးသဖြင့် လုချီဖုန်း... ဒီခွေးဟာ သူလောက်နီိးနီး ကောင်းလေ​၏။

ထို့ကြောင့် လုချီဖုန်းဟာ ပေါ်ဟွိုက်မျက်လုံးထံမှာ အထူးတလယ် ညစ်ပတ်နေတာပင်။

သို့သော် လုချီဖုန်းက ကျန်စုန့်ယိ သူငယ်ချင်းဖြစ်တာကြောင့် ပေါ်ဟွိုက်က ဒီအတိုင်း သာမန်ပြောလိုက်တာဖြစ်ပြီး အမှန်တကယ်လဲ သိပ်ဖိအားမထားလေခဲ့။

သို့ပေမယ့် စစ်ရေးလေ့ကျင့်ခန်းပြီးဆုံးချိန်မှာ သူ ကျန်စု န့်ယိကို ညစာစားဖို့ သွားရှာခဲ့ရာ ထိုတစ်ခါမှာ ဧကန်အမှန် ရှာလကာရည်ပုလင်း မှောက်ကျသွားတာဖြစ်လေ​၏။

ပေါ်ဟွိုက်က ကျန်စုန့်ယိကို သူ ညစာအတူစားဖို့ လာမည်ဖြစ်ကြောင်း WeChat မက်ဆေ့ခ်ျပို့ခဲ့သည်။ ထို့ကြောင့် ကျန်စုန့်ယိဟာ လုချီဖုန်းကို လွှတ်လိုက်ပြီး အားကစားကွင်းအစွန်းလေးမှာ ထိုင်ကာ ပေါ်ဟွိုက်ကို စောင့်နေခဲ့​၏။

ရုပ်ချောတဲ့လူတွေဆိုတာက အမြဲတမ်း အာရုံဖမ်းစားနိုင်ကြသည်။

စစ်ရေးလေ့ကျင့်ရေးလက်ထောက်က စီနီယာ Alpha တစ်ယောက်။ ဒီကနေ့ ကျန်စုန့်ယိ ပစ်မှတ်ကို ဘယ်လိုတွေပစ်ခဲ့သလဲဆိုတာမြင်ရလျှင် ဒီလို နှစ်သက်ဖွယ်ကောင်းလှတဲ့ Omegaကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ရသလို ခံစားရသည်။

သူက တစ်ယောက်တည်းဖြစ်နေတာကိုမြင်သော် ရေပုလင်းယူ၍ လျှောက်လာကာ : " ကျန်စုန့်ယိလား? "

" အင်း။ " ကျန်စုန့်ယိက ခေါင်းငုံ့လျက် ပေါ်ဟွိုက်ထံ WeChat Message ပို့ရင်း သာမန်ကာလျှံကာပြန်ဖြေသည်။

ထိုစီနီယာက ပေချန်တက္ကသိုလ်မှာ ဩဇာတိက္ကမကြီးသူ တစ်ယောက်လို့လဲ သတ်မှတ်ခံရသူတစ်ယောက်ဖြစ်​၏။ သူ့ရှေ့မှာတစ်စုံတစ်ယောက်ကိုမြင်တာတောင် မျက်လွှာပင့်မကြည့်တာကြောင့် ဒီဂျူနီယာလေးက ပိုတောင်စိတ်ဝင်စားစရာကောင်းတယ် ထင်မိလာသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now