2A1O Chapter 《18》

7.9K 1.2K 53
                                    


UNICODE 

『ပေါ်ဟွိုက်, မင်းမှာ ဘယ်လို မုန်းတီးမှုမျိူးရှိနေတာလဲ?』


ညဘက် ပေါ်ဟွိုက် ထွက်လာခဲ့သည့်အချိန်တွင် လေဒီထျန်ကလဲ အိမ်ထဲက ထွက်လာသည်နှင့် ကြုံလိုက်လေသည်။

လေဒီထျန်က သူ့ကို မြင်လိုက်သည်နှင့် တပြိုင်နက် နွေးထွေးစွာ ကြိုဆိုလာခဲ့သည်။

"ရှောင်ဟွိုက်, ရှောင်ယိကိုတွေ့ဖို့ လာခဲ့တာလား?."

ပေါ်ဟွိုက် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့! ကျွန်တော့်မှာ နားမလည်တဲ့ မေးခွန်းလေးတွေရှိလို့ သူ့ကို လာမေးတာပါ."

"အရမ်းကြိုးစားတာပဲ။ ဒါဆိုလဲ ဝင်သွားတော့လေ၊ ရှောင်ယိက ရေချိူးနေတယ် ။ မင်း ခဏတော့ စောင့်ရမယ်ထင်တယ်။ အန်တီက ရှောင်ယိအဖေကို ကြိုဖို့ လေဆိပ်ကို သွားရမှာမို့ အရင်သွားနှင့်မယ်"

"ဟုတ်ကဲ့ ! အန်တီ လမ်းမှာ ဂရုစိုက်သွားပါ "

"ကောင်းပါပြီ။ မင်းတို့တွေလဲ ဂရုစိုက်ကြ"

ထျန်ချင်ချင်းနဲ့ စကားပြောပြီးနောက်တွင် သူသွက်လက်စွာ လျှောက်သွားလိုက်သည်။ သူမကလှလှပပလေး ဝတ်စားထားပြီး လက်ထဲတွင်လဲ ပန်းစည်းတစ်ခုကို ကိုင်ထားသည်။ သူမက ၄၀ကျော်ပြီဖြစ်သော်လည်း သူမရဲ့ မျက်လုံးတွေမှာ ချစ်ရသူကို တွေ့ရတော့မယ့် မိန်းကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကို ဖုံးကွယ်မထားနိုင်ပါချေ။

သေချာပေါက်ကို မျက်နှာချင်းဆိုင်အိမ်မှာ နေတဲ့လူတွေ အားလုံးက ချစ်ဖို့ကောင်းကြတယ်...

(TN / ဘာမှလဲဆိုင်ဘူး )

ပေါ်ဟွိုက် ပြုံးလိုက်ပြီး ဒုတိယထပ်ကို အေးအေးလူလူပဲ တက်လာခဲ့သည်။ ကျန်စုန့်ယိအခန်း တံခါးရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး တံခါးခေါက်လိုက်လေသည်။

တံခါးတွင်းတွင် ရေသံ ခပ်ရေးရေးကို ကြားနေရပြီး ကျန်စုန့်ယိရဲ့ အသံမှာလည်း အနည်းငယ် မသဲကွဲပေ။

"မား, ကျွန်တော်ရေချိူးနေတာ"

"ငါပါ"

"အိုး! ဒါဆိုရင်လဲ မင်း အရင် ဝင်လာခဲ့လေ"

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now