2A1O Chapter 《37》

6K 892 24
                                    

『Unicode』


Edited Version

" ငါစပျစ်သီးစားချင်တယ် "

ပေါ်ဟွိုက်က  စာမျက်နှာတချို့ကို လှန်လိုက်သော်ငြား ဘာကိုမှမတွေ့ရပေ။ သူ ခေါင်းငုံပြီး typeနေဆဲ ကျန်စုန့်ယိကို တစ်ချက်ကြည့်လိုက်ပြီး သာမန်ကာလျှံကာမေးလိုက်​၏။

"အရမ်း အလုပ်များနေတာလား?"

"အိုး ဘာမှမဟုတ်ပါဘူး "

ကျန်စုန့်ယိက မျက်လွှာပင်,ပင့်ကြည့်မလာဘဲ ဝတ်ကျေတမ်းကျေအသံပြုသည်။

သူ ရွှီကျားရှင်းအား Post Bar မန်နေဂျာနှင့် ဆက်သွယ်ရန် မေးမြန်းနေတာဖြစ်ပြီး ထိုပါဝင်ပတ်သတ်နေသူတို့​၏ IPတွေကို ရှာဖွေချင်နေတာဖြစ်သော်လည်း မန်နေဂျာက သူတို့ရဲ့ လုပ်ပိုင်ခွင့်သည် မြို့တွင်း၌ သာ ကန့်သတ်ထားကြောင်းပြောလာခဲ့​၏။
မြို့တွင်းဆိုပါက ဘာမှ အသုံးမဝင်ပေ။ ရွှီကျားရှင်းရဲ့ လူအုပ်က ကြီးမားတာကြောင့် တောင်ပိုင်း တစ်ခုလုံးဖြစ်နိုင်၏။

ကျန်စုန့်ယိမှာ သက်သေမရှိပါဘဲ ထင်ရာမြင်ရာခန့်မှန်းရသည်ကို မကြိုက်ပေ။ သူ့သာ administratorကို တကျဥ်ကျဥ်ဆက်လုပ်ပြီး ကြိုးကို ဆွဲထားပါက တစ်နေ့မှာတော့ ဒီသတင်းဟာ ပေါ်ဟွိုက်နားဆီကို ပျံ့သွားလိမ့်မည်ဖြစ်သည်။

ထိုသို့တွေးလိုက်လျှင် သူ မဆိုမစလောက်လေး စိတ်ရှုပ်လာရ​သဖြင့် သူ ဖုန်းကို အဝေးပစ်လိုက်သည်။ ဆံပင်တွေကို နှစ်ချက်မျှထိုးဖွလိုက်သော် သူလက်ကောက်ဝတ်မှ ပုတီးစေ့များပင်အသံထွက်လာသဖြင့် အသံမှာ တိတ်ဆိတ်သောမနက်ခင်းကို အထူးတလယ်ပင် ကြွတ်ဆတ်နေခဲ့သည်။

ထိုအသံကိုနားထောင်ရင်း ပေါ်ဟွိုက်က ပေါ့ပေါ့လေးပြောလိုက်​၏။

"အဆင်မပြေရင် မင်း ချွတ်ထားလိုက်လေ"

ကျန်စုန့်ယိက ချက်ချင်း ခေါင်းမော့လာပြီး မျက်ခုံးနဲ့ဘမျက်လုံးတို့မှာ စိတ်မရှည်ဟန်ပေါက်နေသည်။

"ဘာလို့ချွတ်ရမှာလဲ ? ချွတ်လိုက်ရင် အလုပ်မဖြစ်တော့ဘူး"

သူသည် စိတ်အခြေအနေမကောင်းနေသောကြောင့် မြန်မြန်ပြောလိုက်သည်ဖြစ်ရာ လေသံမှာ စိတ်ဆိုးနေသကဲ့သို့ ထင်ရ​၏။
သို့သော် စိတ်မရှည်ပြီး ဒေါကန်နေတာလေးကပင် ခုလေးတင် ရင်မှာ ချဉ်နေခဲ့သောပေါ်ဟွိုက်အား အနည်းငယ် သက်သာရာသလို ခံစားရ၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now