2A1O Chapter《76》(Uncensored)

6.6K 584 19
                                    


" ရှေ့လျှောက် "

Warning // Mature Contents


ကျန်စုန့်ယိသာ သူ့အမေရဲ့ ဗွီဒီယိုကောလ်ကို ဖြေဖို့ မလိုပါက သူ ပေါ်ဟွိုက်ကို ညလုံးပေါက် နမ်းနိုင်သလို ခံစားရ​၏။

ဒီလူကအရမ်း ချိုမြိန်လှသည်။

သူဟာ ဒီလူရဲ့ လက်ထဲမှာပဲ ကျန်ဘဝတစ်လျှောက်လုံးရှိသွားနိုင်တာမျိုးပင်။

စိတ်လျှော့! ကျန်စုန့်ယိ သူ့ဘာသာသူ တတ်နိုင်သမျှချုပ်တည်းရန်ကြိုးစားလိုက်၍ မျက်နှာကို ပုတ်လိုက်သည်၊ဒါမှ သူအမေဟာပေါ်ဟွိုက်ကြောင့် လတ်လတ်ဆတ်ဆတ်ငိုထားပြီး၊နမ်းထားတာကို သတိမပြုမိမှာဖြစ်သည်။ သူ​ အသက်ရှုလိုက်၍တတ်နိုင်သလောက်လုပ်ပြီးပြီဟု ခံစားရမှ ဗွီဒီယိုကောလ်နှင့် ချိတ်ဆက်လိုက်​၏။

ဗွီဒီယိုကောလ်၌ သူ့အမေနဲ့အဖေရဲ့ ခေါင်းတွေက စခရင်ပေါ်မှာ နောက်ခံ မီးတွေ၊မီးရှူးမီးပန်းလှလှတွေနဲ့ ပေါ်လာခဲ့သည်။သူတို့နှစ်ယောက်လုံး ကလေးတွေလို ရယ်မောနေကြတာပင်

" မားချစ်ရတဲ့ကလေးလေး၊ ပျော်စရာကောင်းတဲ့ ၁၈နှစ်ပြည့်မွေးနေ့ပါ "

ကျန်စုန့်ယိ ရှက်သွား​၏။ " မား.. ကျွန်တော့်ကို ကလေးလို့မခေါ်နဲ့တော့၊ ကျွန်တော်ကလေးမဟုတ်တော့ဘူး "

" မား​ကဘာလို့အဲ့လိုမခေါ်ရမှာလဲ? မင်းက မားရဲ့ ကလေးလေးဖြစ်နေတုန်းပဲ။ ဒါပေမယ့် မားနဲ့ပါးက ယာဉ်ကြောပိတ်တာထဲ ရောက်နေပြီ။ ဒါကြောင့် ဒီနေ့ည မားတို့ ပြန်လာနိုင်မှာမဟုတ်တော့ဘူး။ ဒါကြောင့် ပထမဆုံးအကြိမ်အဖြစ် သားကိုဂုဏ်ပြုလို့မရတော့ဘူး။ပါးနဲ့မားကို စိတ်မဆိုးနဲ့နော် ဟုတ်ပြီလား "

မစ္စတာကျန်က ကျစ်' ဟု အသံပြုကာ " ကျန်စုန့်ယိက စိတ်ဆိုးမှာမဟုတ်ပါဘူး။ ကိုယ်တို့မရှိတဲ့လမ်းမှာ လူနှစ်ယောက်အတွက် ကောင်းကောင်းကြီး လှည့်ပတ်ပြီး ပျော်ရွှင်ဖို့ သိပ်နောက်မကျသေးပါဘူး "

မစ္စတာကျန်က ပြုံးလျက် " စိတ်မပူနဲ့ သားလေး။ မင်းမှာ ကောင်လေးရှိပြီး၊ လက်ထပ်သွားရင်တောင် မင်းက ဒီဘဝမှာမားနဲ့ပါးရဲ့ ဒုတိယမြောက်အချစ်ကလေးပဲ အမြဲတမ်း ဖြစ်နေမှာ။ ကောင်းပြီ၊ ပါး မင်းမားနဲ့ အခုပျော်လိုက်ဦးမယ်။ မင်းတို့လဲ ပျော်ကြ! "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now