2A1O Chapter《39》

5.8K 870 9
                                    


Edited version

『Unicode』

" နို့များများသောက်ပြီး များများအိပ် "

ဟွမ်ဖုယိလို့သိကြတဲ့ တျန်နျိုးဟာ ကျန်စုန့်ယိကို ကြောက်လေသည်။ ဒါတွေအားလုံးက ဒီလူဟာ ခေါင်းမာပြီး အကြင်နာမဲ့ကာ အတော်လေး အထက်စီးဆန်လို့ ဖြစ်၏။

တစ်ဖက်၌မူ ဟွမ်ဖုယိ ပေါ်ဟွိုက်ကို ကြောက်တာကတော့ သေချာပေါက် Alphaနဲ့ Alphaကြားက ဖယ်ရိုမုန်း ဖိနှိပ်ခြင်းကြောင့်သာဖြစ်ပြီး သူ့ကို အလွယ်တကူ ရိုက်ချနိုင်လို့ဖြစ်သည်။

ယင်းသည် သူ့ဗီဇထံမှာ ရေးသားထားတဲ့ သပွတ်အူလို ဥပဒေပင်။ ဟွမ်ဖုယိရဲ့ အရေထူတာနဲ့ ကျောရိုးတို့နဲ့ဆိုလျှင် သူ ဒါကိုဘယ်လိုမှ မကျော်လွှားနိုင်ပေ။

ဟွမ်ဖုယိ တံတွေးမျိူချလိုက်ပြီး လေသံမှာလဲ အကူအညီမဲ့ကာ စိတ်အားထက်သန်စွာ ရှင်းပြ​၏။

"မင်း ပြောခဲ့တယ်။ ဒါပေမယ့် ငါ ခုတလော ကျန်စုန့်ယိကို ဘာပြဿနာမှလုပ်မထားဘူး။ ငါက စောင့်ကြည့်ခံနေရတုန်းဆိုတာငါသိတယ်။ အခုမင်းက ငါ့ကို ပြဿနာရှာတယ်ဆိုပြီး သတင်းပေးလာတော့ ငါ့မှာများ တစ်ခုခုမှားနေတာလား? ငါက ကျောင်းထွက်ဖို့ စောင့်နေတယ်လို့ မင်းက ထင်နေတာလား။ "

ပေါ်ဟွိုက်က ခေါင်းငုံ့လျက် သူ့မျက်မှန်ကို ဟိုရွှေ့သည်ရွှေ့လုပ်ရင်း ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြသည်။

"မင်းပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ဒါက တိုက်ဆိုင်မှု တစ်ခုပဲ မဟုတ်ဘူး..."

သူမော့လိုက်ပြီး ဟွမ်ဖုယိကို တစ်ချက်ကြည့်ကာ ရည်ရည်မွန်မွန် ပြုံးပြလိုက်သည်။

"ဒါက တိုက်ဆိုင်မှုတစ်ခုတင်မဟုတ်ဘူး။ မင်းနဲ့ ဆက်ဆံရေးကောင်းပုံရတဲ့ လူတွေလဲ အများသားပဲကိုး" သူက ငေါ့တော့တော့ဖြင့် ပြောလိုက်သည်။

"ဘယ်လူတွေလဲ?"

ဟွမ်ဖုယိ ခဏတာ ကြောင်အသွားပြီးမှ တစ်စုံတစ်ခုကို အမှတ်ရသွားကာ သူ့မျက်လုံးများက အံ့ဩစွာနဲ့ ပြူးကျယ်လာ​၏။

"Hackerက မင်းလား? "

ပေါ်ဟွိုက် နှုတ်ခမ်းထောင့်တွေ မြင့်တက်သွားပြီး လျော့ရဲရဲ အသံနဲ့ ပြောလာခဲ့သည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now