2A1O Chapter《70.1》

5.1K 668 11
                                    

" ဖက်ဖို့ "

ကျန်စုန့်ယိ ဦးထုပ်နဲ့maskကို တပ်လိုက်သည်။ သူဟာ ဈေးကြီးပုံပေါက်တဲ့ Headsetလေးတောင် တပ်ထားလိုက်သေး​ပြီး ဧည့်ခန်းကိုဖြတ်သွားလိုစိတ်မရှိခင် သူ့ကိုယ်သူ အလုံးစုံ ဖုံးဖုံးဖိဖိ ပြင်ဆင်လိုက်သည်။ သူထွက်လာသောအခါ သူ့မိဘတွေကို မမြင်သယောင်ဆောင်လိုက်ပြီး ကားထဲဝင်ပြီးခါမှ ထိုင်ချလိုက်သည်။ကားထဲမှာ ထိုင်စောင့်နေခဲ့တဲ့ ပေါ်ဟွိုက်ကတော့ သူ့ကိုဒီလိုမြင်လိုက်ရလျှင် သူ့ရဲ့နားရွက်ရဲရဲလေးတွေကို တစ်ချက်ကြည့်မိ​၏။ သူ ရယ်ချင်မိပေမယ့်တစ်စုံတစ်ယောက်က လှည့်ပြေးသွားမှာကို ကြောက်မိသဖြင့် ချော့ပေးချင်မိလေသည်။ သို့သော် ဒရိုင်ဘာက ရှိနေပြီးတစ်စုံတစ်ယောက်ကလဲ အရေပါးလွန်းတာကြောင့် ပေါ်ဟွိုက် သူ့ကို ကောင်းကောင်းမွန်မွန်ချော့လို့မရပေ။

ဒါကြောင့် သူတို့တွေ ကျောင်းရောက်သည်အထိ စောင့်ရုံသာတတ်နိုင်​၏။

မည်သို့ဆိုစေ ကားရပ်ရပ်ချင်းပင် ကျန်စုန့်ယိဟာ သူ့ခြေတံရှည်နှစ်ချောင်းနဲ့အတူ အလွန့်အလွန်မြန်ဆန်အောင် လျှောက်သွားတော့​၏။

ကံကောင်းစွာနဲ့ ပေါ်ဟွိုက်မှာက ပိုရှည်တဲ့ခြေထောက်တွေရှိလေသည်။ သို့နှင့် သူဟာ နောက်ကနေ နီးနီးကပ်ကပ်ပဲ လိုက်ပါလာနိုင်သည်။ သူက ပြုံးရင်း တီးတိုးဖြင့် " ငါ့အဖိုးက ရုတ်တရက်ကြီး ပြန်လာမယ်လို့ ငါလဲတကယ်မသိခဲ့ပါဘူး။ မဟုတ်ရင် ငါ မင်းကို ၆နာရီမတိုင်ခင် ပြန်ပို့ပေးပါတယ် "

ကျန်စုန့်ယိ ရပ်သွားပြီး သူ့ကို ခက်ထန်စွာကြည့်လို့လာသည်။ " မင်းက ငါ့ကို အိပ်ရာထဲမှာနေတာကြောင့် လာအပြစ်တင်နေတာလား? "

" မဟုတ်ပါဘူးကွာ.. ငါ့ကိုယ်ငါ အပြစ်တင်တာပါ "

" မင်းကိုယ်မင်း ဘာကို အပြစ်တင်တာလဲ? "

"ငါမင်းကို ရူပဗေဒပြန်ကြည့်ဖို့ ဆွဲခေါ်ရလောက်အောင် စာသင်ရတာမှာ အရမ်းနှစ်သက်နေလို့ အပြစ်တင်နေတာ "

"....."

ဒီကောင်က လုံးဝမှကောင်းတာ ပြောမှာမဟုတ်ဘူးဆိုတာ ကျန်စုန့်ယိ သိပြီးသား!

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now