2A1O Chapter《34》

6.6K 936 52
                                    


Edited Version

『Unicode』

" ကျန်စုန့်ယိက သူ့အိပ်ရာက တော်တော်လေးကြီးတယ်လို့ ထင်နေတယ် "

ကျန်စုန့်ယိ ထိုသို့ကြည့်လိုက်လျှင် ပေါ်ဟွိုက်မှာ အလွန်တည်ငြိမ်နေသောကြောင့် မူးနေသည်ဟု မခံစားရပေ။

ဒါပေမယ့် သူသာ မမူးနေရင် ဘာကြောင့် ဒီသားရဲကြီးက သူ့ကို လာဖက်မလဲ?

သူ မစဉ်းစားနိုင်သေးခင်မှာပင် မြေကြီးက ရုတ်တရက်တုန်ယင်သွားသလို လူငါးယောက်က ကမန်းကတန်းရောက်လို့လာ​၏။

"ပေါ်ယဲ့ ရှောင်ချင်ရင်လဲ သောက်ဖို့မလိုပါဘူးကွာ မြန်မြန်လာတော့!"

"အမှန်ပဲ မင်းတို့နှစ်ယောက် သန့်စင်ခန်းတံခါးဝမှာ ခိုးကြောင်ခိုးဝှက်နဲ့ ဘာတွေလုပ်နေကြတာလဲ?!"

"ဟေး ပေါ်ယဲ့ မင်းလက်မှာ ဘာကြီး ဝတ်ထားတာလဲ?"

ပေါ်ဟွိုက်က စကားမပြောလာပါဘဲ ဘယ်လက်နဲ့ ညာလက်ကို မြှောက်ပြီး တီရှပ်ရဲ့ လက်အနားကို ဖြည်းဖြည်းချင်းခေါက်ရင်း သွယ်လျတဲ့လက်မောင်း၌ အစိမ်းရောင်ကျောက်တုံးလေးတွေနဲ့ အနက်ရောင် လက်ပတ်ကို ချပြလာခဲ့သည်။

အရိုးအဆစ်ကျကျ ကြွေထည်လို ဖြူဖွေးနေတဲ့ လက်ကောက်ဝတ် နဲ့ ၎င်းက အလွန်လိုက်ဖက်လှသည်။

ကျန်လူများမှာတော့ သူတို့လျှာကို နှစ်ခါလောက် ခေါက်လိုက်မိကြသည်။

"ပစ္စည်းသေးသေးလေးတွေက တမျိူးပေမယ့် ခေတ်ဆန်သား "

ပေါ်ဟွိုက်က ဂရုမစိုက်လေဟန်ဖြင့်,

" ဒီပစ္စည်းက စုန့်ကောဆီက လာတာ "

သူ့အမူအရာက အလေးအနက်ထားနေဟန် ဖြစ်နေပေမယ့် မတွေးတတ်အောင်ကို ဂုဏ်ယူပြီး ကြွားဝါလိုတဲ့ပုံစံမျိူး ကြားလိုက်ရသည်။

"....."

ဒါက ဘယ်လိုတောင် အဆင်မပြေတဲ့ ထူးထူးဆန်းဆန်း လီမွန်အနံကြီးလဲ?

"ငါ တစ်ခုပြောလို့ရမလား."

ယွီဇစ်ကော်တစ်ယောက်သာလျှင် အသံတိတ်နေတာကို ချိူးဖောက်လိုက်ပြီး လူအုပ်ရဲ့နောက်ကွယ်မှာ ရှေ့တိုးလာကာ မျက်လုံးတွေက တောက်ပနေသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now