2A1O Chapter《86》

4K 623 14
                                    


『 တာဝန်ယူချင်ယောင်ဆောင်မယ် 』

ကျန်စုန့်ယိ ပေချန်ရောက်သောအခါ မိုးကြိုးတွေ၊လျှပ်စီးတွေနဲ့ မိုးသည်းထန်စွာရွာနေခဲ့သည်။ မိုးကအဆက်မပြတ်။ မြို့တစ်ခွင်လုံး မီးခိုးရောင်ထဲ ထိုးကျထားသည့်အတိုင်းဖြစ်နေသည်။

သူက အင်္ကျီလက်တိုလေးဝတ်ထားတာကြောင့် နည်းနည်း အေးစိမ့်စိမ်ဖြစ်လာ​၏။

ကျန်စုန့်ယိ ဖုန်းကို တစ်ချက်ကြည့်မိကာမှ ပေါ်ဟွိုက်က အခုထိ ပြန်မဖြေသေးကြောင်းသိလိုက်ရသည်။ သူ Chat interface ကို ပြန်ဆွဲကြည့်ရင်း စိတ်စောလျက် တက္ကစီစောင့်နေမိသည်။

သူ တန်းစီပြီးတဲ့နောက် ချက်ချင်း သူ မကြာခဏသွားဖူးပုံရသော ရင်းနှီးသလို ဖြစ်နေတဲ့ လိပ်စာကို သတင်းပေးလိုက်သည်။

စင်စစ် သူ ထိုနေရာကို တစ်ခါမှ မရောက်ဖူးပါချေ။

၎င်းက ပထမဆုံး သူ့ Chat မှတ်တမ်းမှာနှင့် နောက်ပိုင်း Chat မှတ်တမ်း ကော်လက်ရှင်မှာ ရှိနေသော လိပ်စာတစ်ခုဖြစ်​၏။ထို့နောက်မှာတော့ မှတ်စုစာအုပ်တစ်ခုထဲကို ရေးချခံရပြီး ဗီရိုထဲမှာ သော့ပိတ်ခံခဲ့ရသည်။ သို့ပေမယ့် အဆုံးထိ သူကောင်းကောင်းကြီး မှတ်မိနေတုန်းပင်။ ထိုသုံးနှစ်တာအတွင်း ကျန်စုန့်ယိဟာ ထိုလိပ်စာကို ထပ်ခါတလဲလဲ အလွတ်ကျက်ခဲ့​၏။ သူအမြဲတမ်း သွားရှာခဲ့ချင်ပေမယ့် သူ့မှာဘာဖြစ်ခဲ့သလဲ မသိသလို တစ်ဖက်လူရဲ့ စိတ်ကိုလည်း မသိတာကြောင့်မဝံ့မရဲဖြစ်၍သာနေခဲ့ရသည်။

အခုတော့ သူ တုံ့ဆိုင်းမနေဘဲ သူလွမ်းရပြီး ချစ်ရတဲ့သူကို ရှာဖွေရန် ဒီကို အရောက်လာနိုင်ပေပြီ။

မိုးကအရမ်းရွာနေတာကြောင့် ကျန်စုန့်ယိဟာ ကားထဲကထွက်ပြီး လုံခြုံရေးခန်းကို ပြေးသွားခဲ့ရသည့် လမ်းတိုတိုလေးမှာတောင် ရွှဲရွှဲစိုခဲ့ရသည်။

အနက်ရောင်ဆံပင်ပွပွလေးတွေက စင်းကျလျက် ရေစက်တွေက မျက်နှာဖြူဖြူလေးတစ်လျှောက်လျှောကျကာ မေးရိုးမှတဆင့် ညှပ်ရိုးကို ထိမှန်လာသည်။ တီရှပ်အနက်ကလဲ စိုပြီး ဆယ်ကျော်သက်လေးရဲ့ ပိန်လျလျပုံရိပ်မှာ ကပ်နေရာ ပိန်ပိန်ပါးပါးလေးနှင့် ချစ်စရာကောင်းလှသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now