2A1O Extra《4》

3.8K 550 11
                                    


『ပေါ်ဟွိုက်က ပိုင်စိုးခြယ်လှယ်လွန်းလှတဲ့ Alpha - အပိုင်း ၁ 』




ပထမနှစ်တစ်ယောက်အနေနှင့် အိပ်ဆောင်ပြင်ပထွက်နေဖို့ လျှောက်ထားတာနှင့် ပတ်သက်ပြီး နှစ်ယောက်သား အတူရှိကြသည့် ပထမဆုံးနေ့ကတည်းက ထိုအကြောင်းကို စဉ်းစားခဲ့ကြသည်။

ကျန်စုန့်ယိကတော့ အိပ်ဆောင်က မသင့်တော်သလို ခံစားရသည်။

ပေါ်ဟွိုက်ကမူ ကျန်စုန့်ယိအား Omega အိပ်ဆောင် ပို့ရမလား၊ Alpha အိပ်ဆောင်ပို့ရမလား မသိတာဖြစ်သည်။

ဘယ်အိပ်ဆောင်ပဲသွင်းသွင်း အန္တရာယ်ရှိသလိုခံစားသည်က အမှန်။

ABO သုံးမျိုးလုံးကို ကောက်ခေါ်နိုင်သည့် ချစ်သူကောင်လေးရှိနေတာကြောင့် သူတကယ်ပဲ စိတ်ပူရပါ​၏။

ပိုင်စိုးပိုင်နင်းဆန်တတ်တဲ့ Alphaတစ်ယောက်အလျောက် ပေါ်ဟွိုက်က ကျန်စုန့်ယိကိုသူ့အသိုက်ထဲသို့ အပြည့်အဝပင် ခေါ်သွားခဲ့သည်။

ဒီကိစ္စကို မိဘများထံမှလည်း ခိုင်ခိုင်မာမာ ထောက်ခံချက်ရရှိထား​၏။

ရွံတတ်ကြောက်တတ်နှင့် လိမ်ဆင်များသော မိန်းမငယ်လေး လေဒီထျန်ဟာ သူ့သားကို တခြားသူတွေနဲ့ အိပ်ဆောင်တူတူနေခိုင်းဖို့ သည်းမခံနိုင်ပေ။ အကယ်၍ ပေါ်ဟွိုက်ကသာ သူ့ကိုဂရုစိုက်ပေးပါက သူမလဲ မစ္စတာကျန်နဲ့အတူ စ်ိတ်အေးလက်အေးဖြစ်စွာ နှစ်ယောက်ထဲ တစ်ကမ္ဘာနေနိုင်မည်ဖြစ်သည်။

ထို့ကြောင့် သူမက ထောက်ခံရုံသာမက အိမ်မှုဝေယျာဝစ္စများအတွက် စာအိတ်နီကိုပါ ထုပ်ပိုးပေးလိုက်လေ​၏။

Omegaကိုယ်ခန္ဓာ​၏ အထူးအကြောင်းအရင်းများကြောင့် အပြင်ထွက်နေဖို့ ဖောင်ဖြည့်တာက အလွန်ချောမွေ့ခဲ့သည်။

ပေါ်ဟွိုက်အတွက် ဘယ်သူကမှ ခက်ခဲအောင်လုပ်နိုင်မည်မဟုတ်။

ထို့ကြောင့် သူတို့ဟာ နွေရာသီအားလပ်ရက်ကတည်းက ရှက်ရွံ့ခြင်းမရှိပါဘဲ အတူတူ စတင်နေထိုင်ခဲ့ကြသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now