2A1O Chapter《74》

4.2K 657 19
                                    


" ယောက်ျားတစ်ယောက်က Alphaပိုဆန်လေလေ၊ ငိုဖို့ရာ ပိုနာကျင်လေလေ "

2019 ခုနှစ်၏ နောက်ဆုံးနေ့ဖြစ်လို့ ကျန်စုန့်ယိ ထူးထူးကဲကဲကို အေးစက်နေသည်ဟု ခံစားရ​၏။

နန်ချန်လေက နည်းနည်းလေးလဲ ပြင်းထန်နေသည်။

သူဟာ ဆံသဆိုင်ရှေ့မှာ ရပ်လိုက်ပြီး မှန်တံခါးမှ သူရဲ့အလင်းပြန်နေသောပုံရိပ်အား ကြည့်နေမိ​၏။ သူ သိုးမွှေးဦးထုပ်အစိမ်းလေးကို ချွတ်လိုက်ပြီး နဖူးတစ်လျှောက်မှ သူရဲ့ ဆံပင်အနက်ပွပွလေး​တွေထိ သပ်ချလိုက်မိသည်။

သူ့လက်ချောင်းတွေကြားက ခံစားချက်မှာ အရမ်းနူးညံ့ပြီး သက်သောင့်သက်သာရှိလှသည်။ ပေါ်ဟွိုက်က သူ့ခေါင်းကိုပွတ်ပွတ်နေတာ အံ့ဩစရာမရှိတော့ပါဘူး၊ ခံစားလို့ကောင်းတာကိုး။

သူထပ်ပြီး ပွတ်နိုင်မှာ မဟုတ်တော့တာကတော့ ဝမ်းနည်းစရာပင်။ ကျန်စုန့်ယိ နောင်တများဖြင့် အသံမြည်အောင် ညည်းလိုက်​၏။ သူ့မှာ ဂုဏ်ပုဒ်နဲ့ ဆံပင်ထပ်ရှိနိုင်စရာ အကြောင်းမရှိတော့ဘူး။

သူ ပေါ်ဟွိုက်ကို အပြစ်မတင်နိုင်။ အဲ့ဒီအရူးက .... သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သဘောကျလွန်းလို့ ဆံပင်တောင်လိုချင်တော့တာမဟုတ်။

ကျန်စုန့်ယိ သူ့ဘာသာ အနည်းငယ်ရွေ့သွားပြီး အဆောက်အအုံရဲ့ တံခါးကို တွန်းကာ အထဲ ဝင်လာလိုက်သည်။

မစ္စတာတိုနီက စိတ်အားထက်သန်စွာ မေးမြန်းလာ​၏။ " အချောလေး.. ခေါင်းလာလျှော်တာလား၊ ဆံပင်ပြင်ချင်လို့လား? "

" ကျွန်တော် ခေါင်းရိတ်မလို့ "

" ဘယ်လို ဆံပင်စတိုင်မျိုးလဲ? "

" အပြောင်ပါ "

"....."

" အိုကေ ." မစ္စတာတိုနီမှာ လူချောလေးက ဘာကြောင့် ခေါင်းရိတ်ချင်နေမှန်း နားမလည်သော်လည်း အားပေးသူသည်သာနတ်ဘုရားဟု ယုံကြည်ထားသောကြောင့် သူမလုပ်နိုင်တာမရှိ။

" မင်းရှေ့မှာ လူနှစ်ယောက်ရှိသေးတယ်။ ဒါကြောင့် ခဏတော့ စောင့်ရဦးမယ်။အရင်ဆုံး ခေါင်းလျှော်လို့ရတယ် "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now