2A1O Chapter《41》

5.6K 957 40
                                    

Edited version

『Unicode』

"သုံးခါထဲပဲ "

လီထင်း နည်းနည်းတော့ ထူးဆန်းသလို ခံစားနေရသည်။

Alphaသန့်စင်ခန်းထဲတွင် Omegaလေးတစ်ယောက်အား အနံ့ခံမိနေသလို သူ ထင်နေ​၏။
၎င်းက အရမ်းမချိုမြိန်သော်လည်း Alphaတစ်ယောက်အား ချက်ချင်းပင် ပိုင်စိုးပိုင်နင်း လုပ်ပစ်လိုက်ချင်သလို ခံစားရစေသည်။

အရမ်းလဲ ဆွဲဆောင်နိုင်နေ၏ ။

မည်သို့ပင်ဖြစ်စေ ၎င်းက တကယ်ကို အခိုက်အတန့်လေးတစ်ခုသာဖြစ်ပြီး စူးရှတဲ့ ပိုးသတ်ဆေးနံ့က ရောထွေးလျက် သူ့နှာခေါင်းထဲကို တိုးဝင်လာခဲ့ပေသည်။
ဘယ်လိုလုပ်ပြီး Omegaက ဒီကို လာရဲရတာလဲ?

မဖြစ်နိုင်နေတဲ့ ပုံရှိပေမယ့် အထဲမှာ Omega ရှိနေသလားဆိုတာကို သူ သိချင်နေဆဲဖြစ်သည်။ ထို့ကြောင့် အနီးဆုံး အခန်းကန့်ကို တစ်ချက်ကြည့်လိုက်ပြီး တံခါးမခေါက်ကြည့်ပဲ မနေနိုင်လိုက်။

"အထဲမှာလူရှိလား ?"

အထဲ၌ တကယ်ပဲ ကျန်စုန့်ယိ ရှိနေပါသည်။

သူ မဖြေလိုက်လျှင် သတိပြုမိသွားမှာဖြစ်လို့ သူလုပ်နိုင်တာတစ်ခုမှမရှိပေ။

ကျန်စုန့်ယိ သူ့စိတ်ကို တည်ငြိမ်အောင်သာထားလိုက်ပြီး ထုံးစံအတ်ိုင်း ပျင်းရိ၍ စိတ်မရှည်သောလေသံဖြင့်ပြောလိုက်သည်။

"ပေါက်ကရတွေ! ဒီမှာဘယ်သူမှမရှိရင် ငါက သရဲလား"

ကျန်စုန့်ယိ?

ရုတ်တရက် လီထင်းစိတ်ထဲတွင် အတွေးပေါင်း ထောင်ချီမက ဝင်လာခဲ့​၏။ သူ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပဲရုတ်တရက် မီိးရောင်က မှိန်သွားသလို ခံစားလိုက်ရသည်။ သူ ခေါင်းစောင်း ကြည့်လိုက်လျှင် အရပ် ရှည်ရှည် ပုံရိပ်တစ်ခုဖြည်းဖြည်းချင်း လျှောက်လာ၍ တံခါးပေါက်က သဘာဝအလင်းရောင်ကို ပိတ်ဆို့လိုက်တာကို တွေ့လိုက်ရသည်။

လီထင်း ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပင် ထိုလူက သူ့ရှေ့မှာရပ်လိုက်၍ ဂရုမစိုက်သလို ပြောလာ​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now