2A1O Chapter 《10》

9.7K 1.3K 80
                                    


"ငါ ကမ္ဘာမှာအကောင်းဆုံးဖြစ်အောင် ကာကွယ်ပေးပါ့မယ်,ကျန်စုန့်ယိ"



လင်ယွမ်ယွမ် ဒီနေ့ အရမ်းစိတ်ဆိုးနေသည်။

အားလုံးက အရမ်းပေါ့ပျက်ပျက်နိုင်ကြတယ်လို့ သူမခံစားရသည်။ ဘာလို့ သက်တူရွယ်တူ အယ်လ်ဖာတစ်ယောက်က အယ်လ်ဖာဆယ်ယောက်ကျော်ကို လွယ်လွယ် ဖိနှိပ်လိုက်ရုံလေးနဲ့တင် အားလုံးက အချစ်ရူးတွေဖြစ်သွားကြရတာလဲ?

လုံးဝကို ကျန်စုန့်ယိက ပိုချောတာပေါ့! လုံးဝကို ဘတ်စကက်ဘောကစားရင် ကျန်စုန့်ယိကပို မိုက်တာပေါ့!

လုံးဝကို ဟွမ်ဖုယိကို ထိန်းသိမ်းပြုပြင်ပြီး ချေမှုန်းလိုက်တဲ့တကယ့်လူက ကျန်စုန့်ယိဖြစ်နေတာကိုလေ....

ထပ်ပြောရရင် ကျန်စုန့်ယိက နွေးလည်းနွေးထွေး၊အရမ်းလဲ ချစ်ဖို့ကောင်းတာ နေမင်းလေးလိုပဲ။ သူကဘာလို့ ရေခဲလိုအေးစက်နေတဲ့သူကိုရှုံးရမှာလဲ !

group ထဲကလူတွေက တကယ် ပေါ့ပျက်ပျက်နိုင်လွန်းတယ်...

စိတ်ဆိုးတယ်... စိတ်ဆိုးတယ်...

သူမအနေနဲ့ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံး သားပေါက်လေးကို ကာကွယ်ပေးရမယ်..

ဒါကြောင့် သူမက ကျန်စုန့်ယိကိုထောက်ခံပေးတဲ့ Fan-Clubကို တရားဝင် ထောင်လိုက်တာ...

ဒါပေမယ့် သူမကို ပိုပြိးပျော်ရွှင်စေတာကတော့ FanClubထဲမှာ လူတွေအများကြီးရှိနေပြီး အားလုံးက ကျန်စုန့်ယိကို Voteကြတဲ့သူတွေဖြစ်​နေတာဖြစ်​၏။

အရေးအကြီးဆုံးအရာကတော့ သူမက အရမ်းကောင်းတဲ့ဒုတိယဥက္ကဋ္ဌနဲ့တောင် ပူးပေါင်းမိသွားတာပဲ။

ဒုဥက္ကဋ္ဌက သူမကို QQ accountကနေပဲ addထားပေမဲ့ သူတို့တွေက နာမည်အရင်းတွေကို မပေါက်ကြားချင်တတ်ကြ။ပြီးတော့ ဒုဥက္ကဋ္ဌကအလွန့်အလွန်ကို စေတနာကောင်းသည်။ သူတို့က Fan-Clubရဲ့ Milk Teaဖိုးကုန်ကျငွေကို အရင် ပံပိုးပေးပြီး ကျန်စုန့်ယိကိုလဲ ရူးနေအောင်အားပေးကြသည်။

ဘေဘီစုန့်လေးကို ကြိုက်မိနေသရွေ့ ငါတို့တွေက အဖေ၊အမေကွဲတဲ့ ညီအစ်မတွေပဲ..

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now