2A1O Chapter《36》

6.8K 892 29
                                    

Edited Version

『Unicode』


" စိတ်ကူးယဥ် ချစ်သူဖြစ်ခဲ့ရတဲ့ ထိုနှစ်များ "

ကျန်စုန့်ယိက ပိုးထည် Pajamasတွေကို သဘောကျသည်။ ၎င်းတို့က သက်တောင့်သက်သာဖြစ်ပေမယ့် ကိုင်တွယ်ဖို့တော့မလွယ်ကူလှ။ ဆွဲခံလိုက်ရပြီဆို လွယ်လွယ်ကူကူနဲ့ လျှောကျသွားတတ်ပြီး ဘာကိုမှ ဖုံးကွယ်ပေးခြင်းမရှိပေ။

​ကျန်စုန့်ယိ ခန့်မှန်းမိသလို ပေါ်ဟွိုက်က စစ်ရေးလေ့ကျင့်စဉ်မှာ မသိသွားခဲ့ဘူးဆိုပါလျှင် ဒီတစ်ကြိမ်မှာတော့ ပေါ်ဟွိုက်သိသွားတယ်ဆိုတာ သူ ကျိန်းသေပါသည်။အဘယ့်ကြောင့်ဆိုသော် သူလဲ ပေါ်ဟွိုက်ကို ဖမ်းမိသွားလို့ပင်။

သွေးတွေက ကျန်စုန့်ယိ ပါးပြင်ဆီသို့ တလှိမ့်လှိမ့်တက်လာကြသော်ငြား ပေါ်ဟွိုက်ရှေ့မှာတော့ တည်ငြိမ်ဟန်ဆောင်နေဆဲ။

"မနက်ခင်းလေ...မနက်ခင်းမို့, ဒါက ပုံမှန်ပဲ!!! မင်းရော ငါရော ကျန်းမာရေးကောင်းကြတယ်လို့ ဆိုလိုချင်တာပဲလေ "

ပေါ်ဟွိုက်က ခေါင်းညိတ်ပြပြီး သူ့အသံမှာ တည်ငြိမ်လှသည်။

" တော်တော်လေး မာန်ပါနေတာပဲ "

ကျန်စုန့်ယိ မျက်နှာမှာ ပို၍ ပူတက်လာပြီး သူ ပေါ်ဟွိုက်လောက် မတည်ငြိမ်နိုင်ဟု ခံစားလာရသည်။
ဒါဆိုရင် သူ ကြည့်မကောင်းတော့ဘူး။
ဒီအသက်အရွယ် ယောက်ျားလေးအများစုမှာ အားနည်းချက်ကို ပြရန် ဝန်လေးတတ်ကြသည်။ ဒါ့ကြောင့် သူက မျက်ခုံးပင့်လိုက်ပြီး သူ့လေသံကိုလည်း ဂရုမစိုက်သလိုနဲ့ စိတ်မရှည်ဟန် ဆောင်လိုက်သည်။

"မင်း မာန်ပါနေတယ်ဆိုတာ ဘာကို ပြောတာလဲ! မင်းပ ဘာလို့ခုထိ ရှိနေတာလဲ? ငါ့ကို အခွင့်အရေးယူချင်နေတာလား?"

ပေါ်ဟွိုက်က သူ့ကို မျက်လုံးများမှေးစင်း၍ကြည့်လာ၏။

"ငါ့ကို လှုပ်စေချင်လို့လား?" သူက ပျင်းရိစွာပြောသည်။

"...ငလူးလေ!"

နောက်ဆုံးမှာတော့ ကျန်စုန့်ယိသည်းမခံနိုင်တော့ပါပဲ ပေါ်ဟွိုက်ကို ကန်ချမိသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now