2A1O Chapter《35》

6.4K 931 47
                                    


Edited Version

" ငါမင်းကို လွမ်းတယ် "

ကျန်စုန့်ယိမှာ ပေါ်ဟွိုက်သည် သူတွေ့ဖူးခဲ့သောအကောင်းဆုံး ငမူးဟု ထင်မိသည်။

မူးတဲ့အခါ ကိုက်တတ်ပြီး ကလေးလို ပြုမူတတ်ပေမယ့် စင်စစ်မှာတော့ တခြားလူရဲ့ အိမ်တံခါး Passwordကို မှတ်မိနေဆဲဖြစ်ပြီး ဒုတိယထပ်ကိုလဲ ဖြောင့်ဖြောင့်ပဲ တက်သွားလျက် တိကျတဲ့အခန်းထဲကို လျှောက်သွားကာ ဗ်ီရိုထဲက Pajamasကိုပင် ရွေးလိုက်နိုင်သေးသည်​။ ဈေးအကြီးဆုံးနဲ့ အသားအနူးညံ့ဆုံးကိုလေ။

ပေါ်ဟွိုက်က သူ့ရှေ့မှောက်မှာ ရှပ်အင်္ကျီကြယ်သီးတွေကို တစ်ခုချင်းချွတ်နေတာကို တွေ့မှ သူလဲ ပေါ်ဟွိုက်တကယ်မူးနေပြီး မူးလွန်းလို့ လူရမ်းကားပင်ဖြစ်လာသည်ကို သတိရသွားခဲ့​၏။

ပေါ်ဟွိုက်က ခါးပတ်ကြိုးကို ကိုင်လိုက်တာမြင်လိုက်ရလျှင် ကျန်စုန့်ယိမှာ အလျင်စလို လျှောက်သွားပြီး ဖိထားလိုက်ရသည်။

ပေါ်ဟွိုက်က သူ့ခေါင်းကို ခပ်ဖွဖွလှည့်လာ၍ သူ့ကို ကြည့်ကာ ယုံကြည်မှုရှိရှိနဲ့မေးလို့လာသည်။

"မင်း ဘာလုပ်တာလဲ?"

"ငါလဲမင်းကို မေးချင်နေတာ​။ မင်းကရော ဘာလို့ ဘောင်းဘီတွေချွတ်နေရတာလဲ?"

"မချွတ်ပဲနဲ့ ရေဘယ်လိုချိုးရမှာလဲ? မင်းက ငါ့ကို မင်းအိပ်ရာပေါ်မှာ အရက်နံ့တွေနဲ့ အိပ်စေချင်နေတာလား?"

"ဘာပဲပြောပြော မင်း ငါ့ရှေ့မှာ ချွတ်လို့မရဘူးလေ!"

"မင်းဘာကို ကြောက်နေတာလဲ?၊ အရင်က မမြင်ဖူးလို့လား?"

ကျန်စုန့်ယိမှာ ဒီစာကြောင်းက ရင်းနှီးနေသလို ခံစားလိုက်ရပေမယ့် ခဏတာမျှတော့ပြောစရာ မရှိဖြစ်သွားရ​၏။မကြာသေးမီက ဒီအခန်းထဲတွင် ဘောင်းဘီမဝတ်တာကို သည်းမခံနိုင်ခဲ့တာက ဒီလူဖြစ်ခဲ့ပြီး ဒါက သူ သူ့ကို ငြင်းဆိုခဲ့တာဖြစ်သည်။အခုမူ နေရာပြောင်းလဲသွားပြီဖြစ်၍ ပေါ်ဟွိုက် ဘာကြောင့် တံခါးကို ဆောင့်ပိတ်လိုက်ရသလဲဆိုတာရုတ်တရက် နားလည်လိုက်ရသည်။

သူ ဒါကို မတွေးနေတော့ပဲ ရေချိူးခန်းတံခါးကို ဖွင့်ကာ ပေါ်ဟွိုက်ကို အထဲတွန်းလိုက်ပြီး ဘန်းခနဲ့ မြည်အောင်ပိတ်လိုက်သည်။ ထို့နောက် သူ့ Pajamasတွေကို ကောက်ယူလိုက်ပြီး ပထမထပ်က ရေချိူးခန်းဆီ ဆင်းသွားလိုက်တော့​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now