2A1O Chapter《20》

8.3K 1.2K 36
                                    

UINCODE

『ငါ့ရဲ့ Omega အလှလေး...မင်း Heatဝင်နေပြီ』

ပေါ်ဟွိုက်က ကျန်စုန့်ယိထက် စင်တီမိီတာ အနည်းငယ်မျှသာ မြင့်သည်။ ပုံမှန်အားဖြင့် သတိမမူမိသည့်တိုင် ဒီလိုအခြေအနေမျိူးတွင်တော့ အတော်လေး သိသာလှသည်။

ပေါ်ဟွိုက်က ခေါင်းငုံ့ထားသဖြင့် နှာခေါင်းထိပ်ဖျားနှစ်ခုမှာထိလုနီးပါးဖြစ်နေခဲ့၍ အသက်ရှူထုတ်လိုက်သည့် ခပ်နွေးနွေးလေကလည်း ကျန်စုန့်ယိအတွက် ဘယ်လိုနည်းနဲ့မှ ရှောင်ရှားဖို့မဖြစ်နိုင်ပေ။ ထို့အပြင် ရေငွေ့ရိုက်သည့် အလွှာပါးပင်လျှင် သူ့မျက်တောင်တို့ပေါ်တွင် နစ်ဝင်သွားသလိုဖြစ်နေ​၏။

ပြီးလျှင် တစ်ဖက်လူရဲ့ လက်များကလဲ သူ့ခါးပေါ်တွင် ရှိနေဆဲပင်။ ကျန်စုန့်ယိမှာ ဒီအနေအထားကြီးက မသင့်လျော်သလို ခံစားလာရသည်။

အနည်းဆုံးတော့ သူ ဘယ်အိုမယ်ဂါကိုမှ ဒါမျိူးလုပ်ဖို့ မသင့်ဘူးလေ...

သို့တိုင် သူ့ရှေ့ကလူကတော့ နူးညံ့တဲ့ ခပ်ညစ်ညစ်အပြုံးကြီးကို ဆင်မြန်းထားပြီး အမူအရာမှာလည်း ထူးခြားမနေသလို မျက်ခုံးတန်းတို့ကလဲ ဆိတ်ငြိမ်နေခဲ့သည်။ သူရဲ့ ပယင်းရောင် မျက်ဝန်းများကတော့ ရွှေကိုင်းမျက်မှန်ဖြင့် ဖုံးကွယ်ခံထားရပြီး သူကလိုအင်ဆန္ဒမျိူး မရှိပါဘဲ တသီးတသန့်ဆန်နေပုံ ပေါ်စေသည်။

သူက အတော်လေးပင် မှန်မှန်ကန်ကန်ဖြစ်နေကာ မှန်နေလွန်းသဖြင့် ကျန်စုန့်ယိရဲ့ အတွေးတို့ကို အမှိုက်ပုံးထဲ ပစ်လိုက်ရမလားဟုပင် သံသယဖြစ်လာရသည်။

တကယ်တော့ သူ့ရှေ့မှာရှိနေတဲ့သူက သူကိုယ်တိုင်နဲ့ ဆယ်နှစ်ကျော်တိုင် ရန်ဖြစ်လာခဲ့သူဖြစ်၍ အစကတည်းက သူ(ပေါ်ဟွိုက်)ကလဲ သူ့(ကျန်စုန့်ယိ)ကို အိုမယ်ဂါလို့ မသတ်မှတ်ထားတာလဲ ဖြစ်နေနိုင်သည်။

ဒါဆိုရင် သူကဘာကြောင့် စိတ်တစ်ထင့်ထင့်ဖြစ်နေရသလဲ?

ဒါက ခွဲခြားခြင်းအပြီး အချိန်နှောင်းစွာနဲ့ လူပျိုဖော်ဝင်လာခဲ့သောကြောင့် သူ့ဟော်မုန်းများ (မတည်ငြိမ်သေးပဲ) ကဆုန်ပေါက်နေခြင်းမျိူး မဖြစ်နိုင်ဘူးလား?

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now