အပိုင်း(၃) Unicode

3.4K 408 24
                                    

"ကျန့်ကျန့်...ကျန့်ကျန့်...!! "

"ရိပေါ် ဘာဖြစ်နေတာလဲ အချိန်တန်ရင်တံခါးလာဖွင့်မှာပေါ့ နင့်အသံကြီးပဲ..."

ကျန့်ကျန့်လေးအိမ်ရှေ့မှာ အာပြဲကြီးနဲ့အော်နေသည့် သူ့မောင် ရိပေါ်ကို ချင်လိ ခေါင်းတစ်ချက်ခေါက်လိုက်ကာ တဗျစ်တောက်တောက်ပြောလိုက်သည်။ချင်လိလေးမှာ ၁၇ နှစ်အရွယ် အပျိုဖော်ဝင်ကာစဆိုတော့ သူ့မောင်​၏ အာပြဲသံကို ရှက်မိနေတာဖြစ်သည်။

ရိပေါ်က ကျန့်ကျန့်နာမည်ကို အော်ခေါ်နေတာ တစ်ရပ်ကွက်လုံးကြားနေပြီဖြစ်သည်။ ပြီးတော့ ရိပေါ်က အရှေ့ဆုံးကနေပြီးအော်နေတာလည်းမဟုတ်။ သူ့အဖေရယ် သူ့အမေရယ် သူ့အမရယ်ကို ကွယ်ပြီးအော်နေတာဖြစ်​၏။ အကြောင်းကတော့...

"ဂီး...ဂရား..."

ကျန့်ကျန့်တို့အိမ်တွင် "ရွှေထုပ်" ဆိုသည့် ခွေးလေးတစ်ကောင်ရှိသည်။ ကျန့်ကျန့်က တစ်ဦးတည်းသော သားဖြစ်တာကြောင့် အဖော်ရအောင် သူအဖေနဲ့အမေက ကျန့်ကျန့်အသက်တစ်နှစ်ပြည့်တုန်းက ခွေးလေးတစ်ကောင်ဝယ်ပေးထားတာဖြစ်သည်။ အခုကျန့်ကျန့် ခုနစ် နှစ်ရောက်ပြီဆိုတော့ ရွှေထုပ်ဆို တဲ့ခွေးလေးကလည်း ခြောက်နှစ်တော့ကျော်လာပြီ။

ကျန့်ကျန့်အိမ်ထဲကို ရိပေါ် ဇိုးကနဲ ဇတ်ကနဲ မဝင်ထွက်ခြင်းအကြောင်းကတော့ အဲ့ဒိရွှေထုပ်ကြောင့်။ ပြီးခဲ့တဲ့နှစ်တုန်းက ရွှေထုပ်က ရိပေါ်ကို အမြင်ကတ်လို့ လှမ်းဟပ်ထားဖူးတာဖြစ်သည်။

အဲ့နေ့က ရိပေါ် ကျန့်ကျန့်လေးနဲ့ဆော့နေရင်း ဗိုလ်ကျ နေလွန်းလို့ ရွှေထုပ်က သူ့သခင်ခံနေရတာ မကြည့်နိုင်တော့ဘဲ မာန်ဖီတော့တာဖြစ်သည်။ ဒါကို ရိပေါ်က အကြောမာသည်။ သူ့ကို မာန်ဖီနေတဲ့ ရွှေထုပ်ကို ဖြတ်ကန်ရင်း ဟိုက ခြေသလုံးကို လှမ်းဟပ်လိုက်တာဖြစ်​၏။ အဲ့ကတည်းက ရိပေါ်နဲ့ ရွှေထုပ်က တစောင်းစေးနဲ့ မျက်ချေး။

"ရိပေါ် ကျန့်ကျန့်တို့ မုန့်စားဖို့စောင့်နေတာ..."

ကျန့်ကျန့် ​၏ နောက်တွင် သူ့အဖေဖြစ်သူ ရှောင်းဟန် က ကပ်ပါလာပြီး ဝမ်မိသားစုကို တံခါးဖွင့်ကြိုဆို​၏။

Piggy BankWhere stories live. Discover now