အမေရိကန် နိုင်ငံ နယူးယော့ခ်မြို့။
"ရေး...!!! "
ကလပ်တစ်ခုရှိ VIP အခန်းတစ်ခုတွင်အထက် တန်းကျောင်းပြီးစ တက္ကသိုလ်မဝင်ရသေးသည့် အသက် ၁၉ မှ ၂၀ အတွင်း လူငယ်တစ်ခု စုဝေးနေကြသည်။ထိုလူစုထဲတွင် အဖြူတွေလည်းပါသည်။ အာရှသားတွေလည်းပါသည်။ အခြားသော လူမျိုးစုံ လူရွယ်များလည်းပါသည်။ ထိုထဲမှ တစ်စုံတစ်ယောက်ကတော့ အောင်နိုင်သူအပြုံးမျိုးဖြင့် စားပွဲပေါ်ရှိမြည်နေသောဖုန်းကို ကိုင်လိုက်သည်။
သူဖုန်းကိုင်လိုက်ပြီးနောက် ဝိုင်းထဲရှိလူတွေ ကြားနိုင်အောင်စပီကာ ဖွင့်လိုက်သည်။တစ်ဖက်ကပေါ်ထွက်လာတဲ့အသံက...
"ငါအဖြေပြန်ပေးမလို့ ငါနင့်ကို ချစ်တယ် ဝမ်ရိပေါ်..."
ဝမ်ရိပေါ် သူ့မူအတိုင်း ညာဘက်နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ပြီးနောက်တစ်ဖက်က မိန်းကလေးကို...
"ငါကတော့ နင့်ကိုစိတ်မဝင်စားတော့ဘူး..."
ယတိပြတ်ပြောကာ ဖုန်းချလိုက်သည့်အဆုံးမှာ ဝိုင်းထဲက လူတွေက တဟေးဟေးနဲ့ ဂုဏ်ပြုနေကြသလို။ တချို့ကတော့ ရှုံးသွားသည့်ဟန်ဖြင့် ခေါင်းတွေငိုက်စိုက်နေလျက်။
လွန်ခဲ့တဲ့ နှစ်လက သူတို့အုပ်စုထဲကလူတွေ အလောင်းအစားတစ်ခုလုပ်ခဲ့ကြသည်။ အဲ့ဒါက ဝမ်ရိပေါ် အပါအဝင် ယောကျာ်းလေးငါးယောက်က သူတို့အထက်တန်းကျောင်းတုန်းက ချောပေ့လှပေ့ အလှဂုဏ်မောက်လှပေ့ဆိုသည့် ကောင်မလေးတစ်ယောက်ကို အပြိုင်လိုက်ဖို့ပင်။ ကြားထဲမှာ ကိုယ့်နည်းကိုယ့်ဟန် နည်းအမျိုးမျိုးဖြင့်ကြိုးစားနိုင်ပြီး အလောင်းအစားရဲ့ အနိုင်အရှုံးအနေဖြင့် ဒီနေ့ ထိုကောင်မလေး ဘယ်သူ့ကို အဖြေပြန်ပေးမလဲဆိုတာပင်။
ဒါ့ကြောင့် သူတို့တစ်အုပ်စုလုံး သူတို့လာနေကျ ကလပ်ရှိ VIP အခန်းတစ်ခုကို ငှားပြီး စားပွဲပေါ်၌ အလောင်းအစားမှာ ပါဝင်ခဲ့သည့် လူတွေ အားလုံး၏ ဖုန်းတွေကိုချထားကာ မည်သူ့ဖုန်းကို သူတို့အပြိုင်လိုက်ခဲ့သည့် ကောင်မလေးအရင်ခေါ်မလဲဆိုတာ စောင့်ကြည့်နေကြခြင်းဖြစ်သည်။
YOU ARE READING
Piggy Bank
Fanfictionစုဘူးလေး မပြည့်ခင်မှာ ထွက်သွားတယ်။ စုဘူးလေး ပြည့်ခါနီးမှာ ပြန်ရောက်လာတယ်။ ရိပေါ်က သိပ်ဆိုးတယ်..... ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့် ချစ်တယ်။