"ကျန့်ကျန့်...သားလေး..."
"ကျန့်ကျန့်...! "
ကျောင်းအပျော်ခရီးက ပြန်လာတော့ ဝမ်ရိပေါ်၏ လက်ကိုကိုင်ပြီး အိမ်ထဲဝင်လာတဲ့ ကျန့်ကျန့်က ဝမ်ရိပေါ်တို့ အိမ်ရှေ့ခန်းက ကြားရတဲ့ အသံနဲ့ တွေ့လိုက်ရတဲ့ မျက်နှာကြောင့် လက်ထဲက ခရီးဆောင်အိတ်အသေးလေးကိုရော ဝမ်ရိပေါ်၏ လက်ကိုပါ လွှတ်ချ၍ အိမ်ပြင်ဘက်သို့ တစ်ချိုးတည်းထွက်ပြေးသွား၏။ သူ၏ အနောက်မှာ ဝမ်ရိပေါ်ကထပ်ကြပ်မကွာ ပြေးလိုက်သည်။
ကျန့်ကျန့်လည်း ထွက်ပြေးသွားရော အိမ်ထဲမှ လူကြီးများကလည်း ခြံဝထိလိုက်ပြေးသွားသည့် အမျိုးသမီးအနားသို့သွားကာ...
"အချိန်လေးတစ်ခုတော့ ပေးလိုက်ပါ မေရီ...ကျန့်ကျန့် အနေနဲ့ အချိန်အကြာကြီးနေမှ ပြန်တွေ့ရတော့ အဆင်သင့်မဖြစ်သေးတာနေမှာပါ..."
ကျန့်ကျန့်၏ အမေ မေရီ ဘေကျင်းကိုပြန်ရောက်နေတာ မနေ့ကတည်းကဖြစ်၏။ အပျော်ခရီးထွက်ပြီးပြန်လာသည့် သူ့သားကို တွေ့ချင်လွန်းလို့ ဝမ်မိသားစုအိမ်မှာ လာစောင့်နေရခြင်းဖြစ်သည်။
သူ့သားကျန့်ကျန့်လေးက သူ့ကိုမြင်တာနဲ့ သရဲသဘက်တွေ့သလို ခါးခါးသီးသီးပင်ဖြစ်သည်။လွန်ခဲ့တဲ့ သုံးနှစ်ကျော်သူလာခေါ်တုန်းကရော အခုရော ပုံစံအတူတူပင်ဖြစ်သည်။ကျန့်ကျန့်လေးရဲ့ စိတ်ထဲမှာသူဟာ စွန့်ပစ်သွားတဲ့ အမေတစ်ယောက်ထက်မပိုဘူးမလား။
ဒီတစ်ခေါက်သူဘေကျင်းပြန်လာရတဲ့ အကြောင်းကလည်း ကျန့်ကျန့်လေးကို သူအခြေချရာ ဂျပန်ကိုခေါ်သွားဖို့ပင်ဖြစ်သည်။ကျန့်ကျန့်လေးမလိုက်ချင်လည်း သူကတော့ မရရတဲ့နည်းနဲ့ကြိုးစားမည်သာ။အတ္တကြီးတယ်ပြောလည်း အသက်အရွယ်ရတော့ သူ့သားနဲ့သူ အတူတူနေချင်သည်မဟုတ်လား။ အဲ့တာတွေထက် ဒီကြားထဲမှာ လစ်ဟာခဲ့တဲ့ မိခင်ဝတ္တရားတွေ သူကျေပွန်ရမည်။
YOU ARE READING
Piggy Bank
Fanfictionစုဘူးလေး မပြည့်ခင်မှာ ထွက်သွားတယ်။ စုဘူးလေး ပြည့်ခါနီးမှာ ပြန်ရောက်လာတယ်။ ရိပေါ်က သိပ်ဆိုးတယ်..... ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့် ချစ်တယ်။