အပိုင်း(၉) Unicode

3.6K 388 40
                                    

"ဒီကိုပေး..."

"ဟင်..."

"လွယ်အိတ်ဒီကိုပေး..."

အဖြေကိုစောင့်မနေတော့ဘဲ ဝမ်ရိပေါ်သူကိုယ်တိုင်ပင် ကျန့်ကျန့်ကျောပေါ်မှာရှိနေတဲ့ ကျန့်ကျန့်​၏လွယ်အိတ်လေးကို ဆွဲယူလိုက်သည်။

ဒီနေ့က သူတို့တွေ ပထမဦးဆုံး တက္ကသိုလ်တက်သည့်နေ့။ ဝမ်ရိပေါ် ​၏အကြံပေးမှုကြောင့် သူ့အဖေ ဝမ်ဖေးရန်က ကျန့်ကျန့်ကို ဝမ်ရိပေါ်နှင့် တစ်ကျောင်းတည်းထားခြင်းဖြစ်သည်။

သူတို့တက်မည့်ကျောင်းကတော့ နိုင်ငံတကာအဆင့်မီတဲ့ ကျောင်းမျိုးဖြစ်ပြီး သူတို့နှစ်ယောက်​၏ မေဂျာတွေကတော့ ခြားနားလှသည်။ ဝမ်ရိပေါ်ကတော့ သူဝါသနာလည်းပါပြီး သူ့အဖေဖြစ်သူတက်စေချင်သည့် စီးပွားရေးမေဂျာကိုယူသည်။ကျန့်ကျန့်ကတော့ သူဝါသနာပါသည့် ကာတွန်းရုပ်လေးတွေဆွဲတာ သင်တဲ့မေဂျာကိုယူသည်။

ထုပ်ထုပ်ကတော့ ကျန့်ကျန့် ကျောင်းပြန်တက်ရတော့မယ်ဆိုတော့ စောစောစီးစီးအိမ်လာပြီး ငိုကြွေးခဲ့တာ။ရေခဲမုန့်ဝယ်စားဖို့ ပိုက်ဆံပေးလွှတ်လိုက်မှပဲ ချက်ချင်းကြီးကို ပြုံးဖြီးပြီး အငိုတိတ်သွားတာဖြစ်​၏။

အိမ်ကလိုက်ပို့တဲ့ကားပေါ်ကဆင်းလာပြီးပြီးချင်း ဝမ်ရိပေါ် သူ့လွယ်အိတ်ကို လက်ကနေအထာကျကျကိုင်ဆွဲထားပြီး ကျန့်ကျန့်​၏ လွယ်အိတ်ကိုတော့ ပုခုံးတစ်ဖက်ပေါ်မှာတင်၍ ထားသည်။ လွယ်အိတ်နှစ်လုံးကို တစ်ပြိုင်တည်းဆွဲထားပေမယ့် ဝမ်ရိပေါ်​၏ ပုံစံက မိမိုက်နေဆဲ။

ပထမဦးဆုံးနေ့ဖြစ်တာကြောင့် ကျန့်ကျန့် သူ့မေဂျာဌာနရှိရာကို မသွားတတ်ဘဲလမ်းပျောက်မည်စိုး၍ဝမ်ရိပေါ်က ကိုယ်တိုင်ကိုယ်ကျလွယ်အိတ်သယ်ကာ လိုက်ပို့နေခြင်းဖြစ်သည်။

ကျောင်းဝန်းထဲမှာ နာရီဝက်လောက်ဟိုလျှောက်ဒီလျှောက် လုပ်နေရင်းနောက်ဆုံးတော့ ကျန့်ကျန့်တို့ မေဂျာရှိရာ ကျောင်းဆောင်သို့ရောက်လာသည်။ သို့သော် ဝမ်ရိပေါ်က ကျန့်ကျန့်ကို အရင်မဝင်စေသေးဘဲ ထိုကျောင်းဆောင်​၏ အပေါ်ထပ်က ဌာနအကြီးအကဲရှိရာသို့ သူနဲ့အတူတူလိုက်စေသည်။ကျန့်ကျန့်ကလည်း စောဒကတစ်ခုမှမတက်ဘဲ ဝမ်ရိပေါ်နောက်သာတကောက်ကောက်။

Piggy BankWhere stories live. Discover now