ကျန့်ကျန့် တစ်ယောက် သူ့အိပ်ခန်းထဲရှိ စင်မြင့်ပေါ်မှာတင်ထားတဲ့ စုဘူးလေးကို ကြည့်ရင်း သက်ပြင်းချလို့နေသည်မှာ နာရီဝက်လောက်ရှိပြီဖြစ်သည်။ ထိုင်လိုက် ထလိုက် ကြည့်လိုက် သက်ပြင်းချလိုက်ဖြင့်။
"ကျန့်ကျန့်..."
"အမလေးတော့...ကျန့်ကျန့် လန့်တယ်..."
တစ်ယောက်တည်းရှိနေစဉ် ဝမ်ရိပေါ်က ရုတ်တရက်ကြီးဝင်လာတာကြောင့် ကျန့်ကျန့် လန့်ဖြန့်သွားသည်။ဝမ်ရိပေါ် ကျန့်ကျန့်ကို မျက်မှောင်ကျုံ့ကြည့်ရင်း...
"အမလေးတတဲ့ အထိလန့်ရအောင် ဘာတွေလုပ်နေလို့လဲ..."
"ဟင်...ကျန့်ကျန့် ဘာမှမလုပ်ဘူး..."
ဝမ်ရိပေါ် မသင်္ကာပေမယ့်...
"ဘာမှမလုပ်ဘူးဆိုလည်း ထွက်ခဲ့တော့ မနေ့က စာမေးပွဲအဖြေလွှာယူခဲ့ ပါပါးက ကြည့်ချင်လို့တဲ့..."
"အင်းအင်း ကျန့်ကျန့် ယူခဲ့မယ်..."
ဝမ်ဖေးရန် သူ့သား၏ အဖြေလွှာစာရွက်ကို ကြည့်ရင်း မျက်နှာကြီးတည်တင်းနေသည်။ ဘယ်လောက်တောင် အမှတ်နည်းလို့ အဆင့်က D ရတာလဲလို့ အဖြေလွှာတောင်းကြည့်တော့ ၅၁ မှတ်နဲ့ ကပ်အောင်တာဖြစ်သည်။ အောင်မှတ်က ၅၀ ဆို သူ့သားက ၅၁ မှတ်ရသည်။မဆိုးပါဘူး။
အောင်တာကိုပဲကျေးဇူးတင်မိပါ၏။ ကျန်တာကတော့ လုပ်ငန်းခွင်ထဲမှာ ပဲသင်ရင်တတ်သွားမည်ဆိုတာ သူလည်းသဘောပေါက်ပါသည်။ သို့သော် ဝါသနာအရနည်းနည်းတော့ ဆူလိုက်ရမှ။
ဝမ်ဖေးရန် ဝမ်ရိပေါ်ကို ပြစ်ပြစ်နှစ်နှစ်ဆူနေတာကို ကျန့်ကျန့် ကြည့်ရင်း တဆတ်ဆတ်တုန်လို့နေ၏။ဝမ်ရိပေါ်ကတော့ ဖြုံကိုမဖြုံ။အချိန်တော်တော်ကြာ ဆူပြောပြီးသည့်နောက် ဝမ်ဖေးရန် ကျန့်ကျန့်ဘက်သို့လှည့်လိုက်ကာ...
"ကျန့်ကျန့်လေးပြ..."
"ရော့ ဦးဦးဖေးရန်..."
ကျန့်ကျန့် တုန်တုန်ရီရီဖြင့် သူ့အဖြေလွှာကို ဝမ်ဖေးရန်၏လက်ထဲသို့ထည့်လိုက်သည်။ဝမ်ဖေးရန် သူ့လက်ထဲက ကျန့်ကျန့်၏ အဖြေလွှာကို ကြည့်လိုက်သည့်အခိုက် မျက်ခုံးနှစ်ဖက်တောင်ပင့်သွားရသည်။ သူ့အဖေဖြစ်သွားသည့်ပုံကို ဝမ်ရိပေါ်ကြည့်လိုက်ပြီး ကြိတ်ရယ်လို့နေသည်။ မနေ့က သူဖြစ်သွားသည့်ပုံနှင့်တစ်ပုံစံတည်း။
YOU ARE READING
Piggy Bank
Fanfictionစုဘူးလေး မပြည့်ခင်မှာ ထွက်သွားတယ်။ စုဘူးလေး ပြည့်ခါနီးမှာ ပြန်ရောက်လာတယ်။ ရိပေါ်က သိပ်ဆိုးတယ်..... ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့် ချစ်တယ်။