အပိုင်း (၂၁) Unicode

3.6K 334 8
                                    

"မမစင်ဒီ...မမစင်ဒီ..."

စင်ဒီတို့​၏ အိမ်အပေါ်ထပ်ကနေ ကျန့်ကျန့် ကြောင်လိမ်လှေကားများမှတဆင့် အောက်သို့ပြေးဆင်းလာ​၏။ တစ်စုံတစ်ယောက်က ဒီအသံလေးတွေကို လွမ်းနေသည့်ဟန်ဖြင့် ကျန့်ကျန့်ဆင်းလာသည်ကို တမေ့တမော ငေးကြည့်လို့နေ​၏။

ကျန့်ကျန့် အောက်ထပ်ရောက်လို့ ဧည့်ခန်းဆီသို့ ခြေလှမ်းတွေ ဦးတည်လိုက်စဉ် တစ်စုံတစ်ယောက်ကို တွေ့လိုက်တာကြောင့် ခြေလှမ်းတွေ တန့်သွားပြီး ချက်ချင်းပင် နောက်ပြန်လှည့်ကာ အပေါ်ထပ်သို့ပြန်ပြေးသွား​၏။ အလွန်မြန်တဲ့ နှုန်းဖြင့် ပြေးသွားတာကြောင့် လှေကားထစ်တစ်ခုနှင့် ခြေသလုံးလေးတိုက်မိသွားသည်။

"ကျန့်ကျန့်..."

ဝမ်ရိပေါ် သူ့ကိုတွေ့တာနဲ့ လှစ်ကနဲ ပြန်ပြေးသွားသည့် ကျန့်ကျန့် နောက်ကို လိုက်သွားပေမယ့် သူ့ထက်လျှင်တဲ့ကျန့်ကျန့်ကြောင့် တံခါးပိတ်ထားတဲ့ အခန်းတစ်ခုအရှေ့မှာသာ ရပ်လို့နေမိသည်။

"ဒေါက်...ဒေါက်..."

"ကျန့်ကျန့်..."

"....."

"ကျန့်ကျန့် ခဏလောက်ပဲဖြစ်ဖြစ် ထွက်ခဲ့ပါလား..."

"....."

"ကျန့်ကျန့် ငါဘာမှ မလုပ်ဘူးလေ...ခဏလေးပဲ တွေ့ချင်လို့..."

"....."

"ကျန့်ကျန့်ကို အရမ်းလွမ်းနေလို့လေ...ခဏလေးပဲ..."

ဘယ်လိုပြောပြော ထွက်လာဖို့ အရိပ်အယောင်မရှိတဲ့သူကြောင့် ဝမ်ရိပေါ် အခန်းတံခါးရှေ့ကြမ်းပြင်မှာပဲ တံခါးကိုမှီ၍ထိုင်ချလိုက်သည်။ အတန်ကြာတော့ အောက်ထပ်က စင်ဒီက တက်လာကာ ဝမ်ရိပေါ်ကို ကြည့်ပြီး...

"ရိပေါ်...မမ ပြောပေးမယ်...အောက်ထပ်မှာသွားစောင့်နေ...ကျန့်ကျန့်လေးကို မမခေါ်လာပေးမယ်..."

ခါတိုင်းဆို ဂျစ်တစ်တစ်နိုင်တဲ့ ကောင်လေးက အခုတော့ စကားတစ်ခွန်းတည်းနဲ့ အောက်ထပ်ကိုဆင်းသွားတာကြောင့် စင်ဒီသက်ပြင်းချမိသည်။

ကျန့်ကျန့်လေးသူ့အိမ်ရောက်နေတာ တစ်ပတ်ကျော်ပြီဖြစ်သည်။ ကျန့်ကျန့်လေး ဒီမှာရှိနေတာဖြစ်၍ ချင်လိကလည်း ခဏခဏ လာလည်သည်။ ဟိုတစ်နေ့က ချင်လိပြောပုံအရ သူ့မိဘတွေ ရိပေါ်ကြောင့် ပြဿနာမတက်အောင် မနည်းရှင်းလိုက်ရသည်တဲ့။

Piggy BankWhere stories live. Discover now