အပိုင်း (၂၀) Unicode

3.5K 332 7
                                    

တချို့ရုပ်ရှင်ပြကွက်တွေထဲမှာ ဇာတ်ကောင်ကို ကားတိုက်တဲ့အခန်းတွေလိုမျိုးပေါ့။ ဒါတွေကြည့်တိုင်း အမြဲတမ်းတွေးနေမိတာ ဒီလောက်ကားက အဝေးကြီးမှာရှိနေသေးတာကို ဘာလို့ မရှောင်တာလဲဆိုပြီး။ အဲ့ဒိအခြေအနေနဲ့များတူနေမလား။

မမျှော်လင့်ထားတဲ့ကိစ္စတစ်ခုက မျက်စိရှေ့ရောက်လာတဲ့အခါ အံ့အားသင့်ဆွံ့အပြီး တစ်ကိုယ်လုံးကအကြောတွေ လှုပ်လို့မရအောင်တုံ့ဆိုင်းသွားသလိုမျိုး။

လက်စွပ်ဆိုင်မသွားခင် အရုပ်ပုံလေးတွေအမျိုးမျိုး နဲ့ ကိတ်မုန့်ဆိုင်ရောက်တော့ ဝက်ပုံလေးယူမလား၊ ယုန်ပုံလေးယူမလား၊ ဖားပုံလေးယူမလား လှမ်းမေးဖို့ ဖုန်းထုတ်မယ်လုပ်မှ ဘယ်မှာကျခဲ့မှန်းမသိတဲ့ ဖုန်းကြောင့် ဖြစ်နိုင်ခြေရှိမယ့်နေရာကို ပြန်လာခဲ့တာ။

ကလပ်အဝင်ဝမှာ ထုပ်ထုပ်ကို တွေ့လိုက်တော့ နားထင်သွေးတွေတဒိန်းဒိန်းနဲ့ဆောင့်တက်ကုန်​၏။ကျန့်ကျန့်ဆိုတာသာ ဒီနေရာမှာ မရှိနေရင် ထုပ်ထုပ်ဆိုတာလည်း ဒီကိုရောက်နေစရာ အကြောင်းမရှိ။

"ရိပေါ်ကို ကျန့်ကျန့် မုန်းတယ်" ဆိုတဲ့ စကားထက် အဲ့ဒိအရှေ့က "ရိပေါ် ကျန့်ကျန့် ဒီနားနာတယ်" ဆိုတဲ့စကားက ပိုပြီး။ ကျန့်ကျန့်ရင်နာအောင်လုပ်တာ သူကိုယ်တိုင်ပဲလား။

ခေါင်းထဲမှာ ချောက်ချက် ချောက်ချက်နဲ့ အချက်ပေးအသံတွေ မြည်နေလည်း မျက်ရည်ဥတွေကြွေဆင်းပြီး ဘေးကနေထွက်ပြေးသွားတဲ့ တစ်ယောက်ရဲ့ လက်ကို မလှမ်းဆုပ်ထားမိခဲ့ဘူး။ လက်တွေခြေတွေ လှုပ်ရှားဖို့မပြောနဲ့ အသက်ရှူမရပ်အောင်တောင် မနည်းလုပ်နေရတာ။

ဘာတွေဖြစ်သွားတာလဲ။ မျက်စိတစ်မှိတ်အတွင်းမှာ ဟိုတစ်ယောက်ရဲ့ အမုန်းစကားသူ့အပေါ်ကျရောက်လာတဲ့ အကြောင်းပြချက်ကဘာလဲ။ မျက်လှည့်ပြလိုက်တာဆိုလည်း သူလိုက်မမီနိုင်အောင် အရမ်းကိုဆန်းကြယ်လွန်းတယ်။

ကျောက်ရုပ်တစ်ရုပ်လို ဖြစ်နေတဲ့ ဝမ်ရိပေါ်​၏ အရှေ့သို့ ရေချယ်လ် ကမူကလျလျှောက်လှမ်းသွားကာ လက်ထဲကဖုန်းလေးကို မြောက်ပြလိုက်ပြီး...

Piggy BankWhere stories live. Discover now