ကုတင်ပေါ်မှာ ဘေးတစောင်းအနေအထားနဲ့ ခွေခွေလေးအိပ်နေတဲ့သူကို ဝမ်ရိပေါ် စိုက်ကြည့်လို့နေမိသည်။ မျက်ရည်စီးကြောင်းတွေကလည်း ပေတလူးနေတာ။ နမ်းချင်စရာတစ်ကွက်မှ မရှိဘူးလို့တွေးလိုက်ပေမယ့် အတွေးတွေထက် သူ့နှုတ်ခမ်းတွေက မျက်ရည်တွေပေနေတဲ့ ပါးပြင်ပေါ်ကို နစ်ဝင်အောင်ရောက်လို့သွားသည်။
အိပ်နေတဲ့တစ်ယောက်က အထိအတွေ့ကြောင့် နည်းနည်းလှုပ်လာတာမလို့ ဝမ်ရိပေါ် ရပ်လိုက်ပြီး အတက်လိုပေါက်နေတဲ့ နှာတံလေးကို လက်ညိုးနဲ့ဖြတ်တောက်လိုက်သည်။
"အ...ကျန့်ကျန့်နာတယ်..."
"နိုးပြီလားထတော့..."
မနိုးနိုးအောင် တမင်တကာ သွားလုပ်ပြီးမှ နိုးပြီလားပြန်မေးလိုက်တာ သိပ်တော့ မတရား။ မနှိုးလို့လည်းမရ နေ့လည်စာ စားချိန်တောင်ရောက်တော့မယ်။ ခါတိုင်းဆို သူမနိုးခင် မနက် ၇ နာရီလောက်ကတည်းက "ရိပေါ်" "ရိပေါ်" နဲ့ အခန်းရှေ့ အစာလာတောင်းနေကျ ငှက်သားလေးက ဒီနေ့ကျတော့ သူလာမနှိုးရင် ထဦးမည့်ပုံမပေါ်။
"ကျန့်ကျန့်..."
"ဟင်..."
"ရော့..."
"ရိပေါ်..."
"အင်း...နောက်တစ်ခါဆို ဘယ်သူ့ကိုမှ လျှောက်မပေးပစ်နဲ့...ပြောတော့ ငါ့ကို တင်တောင်းဖို့စုထားတာဆို...အဲ့လို လျှောက်လျှောက်ပေးပစ်တော့ ဘယ်လိုလုပ်မှာလဲ..."
"ဒီစုဘူးလေး ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ ရိပေါ်..."
"မိုးပေါ်က ကျလာလို့ လက်နဲ့ခံပြီးယူထားလိုက်တာ..."
မျက်လုံးလေးတွေ အဝိုင်းသားနဲ့ ကြည့်နေတဲ့သူက မိုးပေါ်ကကျလာတယ်ဆိုတာကို တကယ်ကြီးယုံသွားတာတော့ မဟုတ်ဘူးမလား။ ပြောလို့မရဘူး။ ဒီတစ်ယောက်က သူဘာပြောပြောယုံနေတော့။
မနေ့ညတုန်းက ဒီတစ်ယောက် အိပ်မက်ကလန့်လန့်နိုးတဲ့ အသံတွေက ဘေးအခန်းက သူတောင်ကြားသည်။ မနေ့က ကျန့်ကျန့်တစ်ယောက် ကျန့်ကျန့်နဲ့ လုံးဝမတူ ။ မျက်နှာကိုကြည့်လိုက်တာနဲ့ တစ်ခုခုဖြစ်နေမှန်းသိရသည်။ သူမေးရင်လည်း ပြောမှာ မဟုတ်တာကြောင့် ဒီနေ့မနက်စောစောစီးစီးပဲ ဟို ဝတုတ်ကို အကြပ်ကိုင်ပြီးသွားမေးလာတာ။
YOU ARE READING
Piggy Bank
Fanfictionစုဘူးလေး မပြည့်ခင်မှာ ထွက်သွားတယ်။ စုဘူးလေး ပြည့်ခါနီးမှာ ပြန်ရောက်လာတယ်။ ရိပေါ်က သိပ်ဆိုးတယ်..... ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့် ချစ်တယ်။