အပိုင်း (၁၉) Unicode

3.4K 340 20
                                    

"ရိပေါ်...ရိပေါ် ကျန့်ကျန့်လည်း လိုက်ချင်တယ်..."

"လိုက်လို့မရဘူးလို့ ပြောပြီးသားကို ကျန့်ကျန့်..."

ဝမ်ရိပေါ်က လည်သာဂျာကင်ကိုဝတ်နေရင်းကျန့်ကျန့်ကိုပြန်ဖြေလိုက်​၏။ သူ့အိမ်အောက်ထပ်မှာ ရှန်၊ဇန် နဲ့ရစ်ကီတို့က Day Club ကိုသွားဖို့လာထိုင်စောင့်နေကြတာဖြစ်သည်။

"ရိပေါ် ကျန့်ကျန့်လိုက်ချင်လို့ဆို..."

"ကျန့်ကျန့်ပြောရင်နားထောင်...ပြီးရင် ထုပ်ထုပ်ဆီဝင်ပို့ပေးခဲ့မယ်..."

"မရဘူး ကျန့်ကျန့်လိုက်ချင်တာ..."

"ကျန့်ကျန့်...! "

ဝမ်ရိပေါ်အသံနည်းနည်းမာသွားသည်။ ထို့ကြောင့် ကျန့်ကျန့်က ငိုမဲ့မဲ့ဖြင့်...

"ကျန့်ကျန့်ကကျ ဘာလို့လိုက်လို့မရတာလဲ ရိပေါ်တို့ကျသွားပြီးတော့..."

"မတူဘူး ကျန့်ကျန့်..."

ဝမ်ရိပေါ် ဘေးကတစာစာအော်နေသည့်တစ်ယောက်ကို ပုခုံးလေးကနေကိုင်ကာ...

"ကျန့်ကျန့်နေခဲ့နော်...ငါ ညကျရင်ပြန်လာမှာ ငါပြန်လာတဲ့အချိန်ကျရင် ခြံထဲက ခုံလေးမှာထိုင်စောင့်နေ...ဒီညမင်းလိုချင်တဲ့အဖြေကိုငါပေးမယ်..."

ကျန့်ကျန့်​၏ မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပသွားရပြီး...

"တကယ်လား ရိပေါ်..."

"တကယ်ပေါ့..."

"အင်းအင်း ကျန့်ကျန့်စုဘူးလေးကိုင်ပြီး ရိပေါ်ကို ထိုင်စောင့်နေမယ်နော်..."

"စောင့်နေ...ပြီးတော့ အင်္ကျီလှလှလေးလည်း ဝတ်ထား..."

"အင်းအင်း..."

ခေါင်းတဆတ်ဆတ်ညိတ်ပြရင်းကျန်ခဲ့တဲ့ တစ်ယောက်ကို နဖူးလေးနမ်းလိုက်ပြီးဝမ်ရိပေါ် အောက်ထပ်ကိုဆင်းလာသည်။ဝမ်ရိပေါ် ဆင်းလာတာမြင်သည်နှင့် ဇန်က...

"ဗျို့ ကလေးအဖေကြီး...ဆင်းလာသေးတယ်ပေါ့ ငါတို့က ဒီနေ့သွားမှသွားဖြစ်ပါ့မလားလို့..."

ဝမ်ရိပေါ်က သူ​၏ ဆံပင်များကို လက်နဲ့ထိုးသပ်လိုက်ပြီး...

"အပိုတွေပြောမနေနဲ့ သွားရအောင်...မနည်းချော့ပြီး ချန်ထားခဲ့ရတာ...ငါ့အဖေအလုပ်ကပြန်မလာခင် အိမ်ပြန်ရောက်မှရမယ်...မဟုတ်ရင် တစ်ညလုံးထိုင်ပွားနေလိမ့်မယ်..."

Piggy BankWhere stories live. Discover now