လေယာဉ်ကွင်းထဲခြေချမိလိုက်သည်နှင့် မျက်လုံးတစ်စုံက စောင့်ကြိုနေတဲ့လူများစုဝေးရာဆီသို့။
ဖြူဖြူချောချော မျက်နှာပေါ်မှာ နေကာမျက်မှန်ကို တပ်ဆင်ထားသည့် လူတစ်ယောက်ကို ဖြတ်သွားဖြတ်လာ မိန်းမပျိုလေးများ တစ်ချက်တစ်ချက်ငေးကြည့်လို့သွားသေးသည်။ နက်စွေးနေတဲ့ အပြင်အဆင်တွေနဲ့ ဒီဇိုင်းမိမိုက်နေသည့် သူ့ပုံစံက လူငေးချင်စရာပင်မဟုတ်လား။
"ရိပေါ် ငါတို့ဒီမှာ..."
ဝမ်ရိပေါ် သူ့ကိုလက်ပြလှမ်းခေါ်လိုက်သည့် အစ်မဖြစ်သူချင်လိဘက်သို့တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။နေကာမျက်မှန်အောက်ကမျက်ဝန်းတွေက တခြားနေရာတွေကို ဝေ့ဝိုက်၍ထပ်ကြည့်လိုက်၏။ သူဘယ်လောက်ရေတွက်တွက် လူအရေအတွက်က သူ့အမနဲ့ ဒရိုင်ဘာဖြစ်သူပဲရှိတာဖြစ်သည်။ ဝမ်ရိပေါ်အလိုမကျစွာ မျက်ခုံးတို့ကို တွန့်ကွေးလိုက်၏။
ချင်လိအရှေ့ရောက်နေသည့်တိုင် ဝမ်ရိပေါ်က စကားတစ်ခွန်းမှမပြောသေးဘဲ အကြာကြီးရပ်နေတာဖြစ်၍...
"ရိပေါ် ဘာရပ်လုပ်နေတာလဲ သွားမယ်လေ..."
ဝမ်ရိပေါ်က သူ့နေကာမျက်မှန်ကို စိတ်မရှည်စွာဆွဲချွတ်လိုက်ပြီး ကျစ်သပ်လိုက်သည်။ ဘာလဲ နေကာမျက်မှန်ခံနေလို့ အမှောင်ဖုံးပြီးမမြင်မိတာလား။
"ရိပေါ် သွားမယ်..."
ဝမ်ရိပေါ် သူ့အမကို ရှုတည်တည်ကြည့်လိုက်ကာ...
"လူစုံပြီလား..."
"ဘာကိုပြောတာလဲ..."
"လာကြိုတဲ့လူတွေထဲမှာ သန့်စင်ခန်းတွေဘာတွေသွားနေတဲ့သူမရှိနေနိုင်ဘူးလား..."
"ဘာတွေလာပြောနေတာလဲ နင့်ကိုလာကြိုတာ ငါနဲ့ ဒရိုင်ဘာဦးလေးကြီးပဲရှိတယ် ပါးနဲ့မားက အိမ်မှာပဲစောင့်နေတယ်...စကားတွေသိပ်မများနဲ့ မြန်မြန်လာ..."
ဆူပုတ်ပုတ်မျက်နှာပေးနဲ့ ကားနောက်ခန်းကို လိုက်ပါလာတဲ့ သူ့မောင်ကို ချင်လိ ခပ်ချဉ်ချဉ်ကြည့်လိုက်သည်။ ဒါက လာကြိုစေချင်တဲ့သူမလာလို့ ဖြစ်နေတဲ့ရုပ်ပေါ့။ မှတ်တောင်ထားရဦးမယ် အရာရာကသူ့သဘောတိုင်းပဲဖြစ်မယ်များထင်နေလားမသိ။
YOU ARE READING
Piggy Bank
Fanfictionစုဘူးလေး မပြည့်ခင်မှာ ထွက်သွားတယ်။ စုဘူးလေး ပြည့်ခါနီးမှာ ပြန်ရောက်လာတယ်။ ရိပေါ်က သိပ်ဆိုးတယ်..... ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့် ချစ်တယ်။