အပိုင်း(၁၄) Unicode

3.4K 365 12
                                    

"ကျွီ..."

ဝမ်ရိပေါ် လမ်းတစ်ဝက်ရောက်နေပြီဖြစ်တဲ့ သူ့ကားကို ပြန်ကွေ့လိုက်သည်။ သူ့ဖုန်းကို တဂွမ်ဂွမ် တစ်လှည့်စီခေါ်နေတဲ့ ရှန်နဲ့ ဇန်ကြောင့် ကားမောင်းရင်းပင်ဖုန်းကို ကောက်ကိုင်လိုက်​၏။

"ဟေ့ရောင် ရိပေါ်...မင်းဘယ်မှာလဲ ငါတို့ဒီမှာစောင့်နေတာ ရေချယ်လ်ရောက်နေတာလဲ ကြာပြီ မင်းကို ဒေါပွနေပြီ..."

"သူ့ကိုပြောလိုက် ဒီကိစ္စတွေက မရှိခဲ့ဘူးလို့ သဘောထားလိုက်ပါလို့..."

"ဟေ့ကောင်...အလောင်းအစားကရော...တစ်ဝက်တစ်ပျက်မှာရပ်လိုက်ရင်လည်း အရှုံးပေးတာနဲ့ တူတူပဲနော်..."

"အဲ့တာဆိုလည်း ရှုံးတယ်လို့ပဲထားလိုက်..."

"ရိပေါ် ပြိုင်ကား နှစ်စီးတောင်နော်..."

"မနက်ဖြန်မနက် ရစ်ကီကို အိမ်မှာ ကားသော့လာယူခိုင်းလိုက် ဒါပဲ ကားမောင်းနေတယ်..."

"ဟေ့ရောင်..ဟေ့ရောင်..."

ဝမ်ရိပေါ် စကားကို တိုတိုပြတ်ပြတ်ပြောကာ ဖုန်းကို တိကနဲချလိုက်ပြီး ကားကို တရှိန်ထိုးမောင်းလာတော့သည်။ မနက်ဖြန်ဆို သူအခုလက်ရှိစီးနေတဲ့ ပြိုင်ကားက သူ့ဟာ ဟုတ်တော့မှာ မဟုတ်ဘူး​။ ပြိုင်ကားနှစ်စီးက သူ့နှလုံးသားနဲ့ လဲပစ်လိုက်ဖို့အထိတော့ လုံးဝမတန်ဘူးမလား။

ကိုးနှစ်သားအရွယ်တုန်းကပေါ့...

သူ့အခန်းရှေ့မှာ မျက်ရည်လည်ရွှဲနဲ့ အာခေါင်ခြစ်လာငိုနေတဲ့ တစ်ယောက်က...

"ရိပေါ်...ရိပေါ် လိမ်ပျံကြီးစီးပြီးကျန့်ကျန့်နဲ့ အဝေးကြီးကို သွားမလို့ဆို..."

လေယာဉ်ပျံကိုတောင် ဖြောင့်ဖြောင့်မပြောတတ်သေးတဲ့ ကျန့်ကျန့်ထက်စာရင် သူက အများကြီးရင့်ကျက်ခဲ့တယ်။ မျှော်လင့်ချက်အမှားတစ်ခုကို ပေးခဲ့တာတော့ မဟုတ်ဘူး။

သူ့နောက်လိုက်ချင်ရင် ပိုက်ဆံစုထားပါလို့ပြောခဲ့လိုက်တာ​က တကယ်တော့သူကျန့်ကျန့်ရဲ့အကျင့်လေးကို သိလို့။ တကယ်လို့ ဒီလို မျှော်လင့်ချက်လေးသာ မပေးခဲ့ရင် ကျန့်ကျန့်က သူမထွက်သွားခင် တစ်နှစ်လုံး ဝမ်းနည်းနေမှာ။

Piggy BankWhere stories live. Discover now