"မမ စင်ဒီ ပြန်တော့မှာလား..."
"အင်း ပြန်တော့မှာ ကျန့်ကျန့်လေးရဲ့..."
"ကျန့်ကျန့်ကို ထားခဲ့တော့မှာပေါ့..."
"ဟင်...မဟုတ်ဘူးလေ ခဏခဏလာလည်မယ်လေ ကားနဲ့လာရင်ခဏလေးပဲကို..."
"မမစင်ဒီက ကျန့်ကျန့်ကို မချစ်တော့လို့ ထွက်သွားတာလား..."
"ဟယ်...မဟုတ်တာ ကျန့်ကျန့်လေးဘာတွေတွေးနေတာလဲ..."
စင်ဒီပြောလည်းပြော သူ့သူငယ်ချင်းချင်လိကို လှမ်းကြည့်လိုက်သည်။ ချင်လိက ခြံဝမှာ ရှိနေတဲ့ စင်ဒီနဲ့ ကျန့်ကျန့်ရှိရာသို့ လျှောက်လာကာ ဘေးကနေစစ်ကူသဘောမျိုးဖြင့်...
"ကျန့်ကျန့်လေး စင်ဒီက သူ့အိမ်ကိုသူပြန်တာလေ ကျန့်ကျန့်ကို မချစ်လို့မှမဟုတ်တာ...မမတို့ကျန့်ကျန့်ကို ဘယ်လောက်ချစ်လဲ ကျန့်ကျန့်လည်းသိတာပဲ...ပြီးတော့ စင်ဒီ့ဆီသွားချင်ရင် မမလိုက်ပို့ပေးလို့ရတာပဲ အချိန်မရွေးပေါ့..."
"မမစင်ဒီ ကျန့်ကျန့် အိမ်မှာလည်း လာနေလို့ရတယ်လေ...အိမ်မှာ ကျန့်ကျန့်နဲ့ ဒေါ်လေးရင်ပဲရှိတာ..."
ကျန့်ကျန့်၏ ဖိတ်ခေါ်မှုကြောင့် စင်ဒီနဲ့ ချင်လိတို့ ရယ်မောလိုက်သည်။ သို့သော် လူတစ်ယောက်ကို အလွယ်တကူ သံယောဇဉ်တွယ်တတ်တဲ့ ကျန့်ကျန့်က စင်ဒီပြန်မှာကို ဝမ်းနည်းနေတဲ့ပုံလေးပေါက်နေတာကြောင့် သူတို့နှစ်ယောက်စိတ်တော့မကောင်း။
စင်ဒီသူ့ပိုက်ဆံအိတ်ထဲက ချက်လက်မှတ်လေးတစ်ခုကို ထုတ်လိုက်ပြီးအတော်အသင့် ပမာဏတစ်ခုကိုရေး၍ ကျန့်ကျန့်၏လက်ထဲထည့်ပေးလိုက်ကာ...
"ရော့...ကျန့်ကျန့်လေး မမ မုန့်ဖိုးပေးတာ..."
"ယူချင်ဘူး...မမက ပိုက်ဆံပေးပြီးရင် ထွက်သွားမှာ...မာမားလို..."
"ကျန့်ကျန့်..."
စင်ဒီနဲ့ ချင်လိ တစ်ယောက်ကို တစ်ယောက်ကြည့်မိပြီး မျက်ရည်တွေဝေ့ဝဲသွားရသည်။
ကျန့်ကျန့်၏ပုံစံလေးက ခံစားချက်တွေကိုဘယ်လိုပုံမျိုးနဲ့ဖော်ပြရမလဲဆိုတာမသိပေမယ့် စိတ်ဒဏ်ရာလေးတွေတော့ရှိနေမည့်ပုံ။ သူ့အနီးအနားကလူတွေ ဘဝထဲကထပ်ထွက်သွားမှာကို စိုးရွံ့နေတဲ့ပုံလေး။သူတို့ဒီပြန်ရောက်လာတဲ့ တစ်တောက်လျှောက်လုံးမအေဖြစ်သူအကြောင်းတစ်ခွန်းမှ မဟခဲ့တဲ့ ကျန့်ကျန့်လေးက ဒီနေ့မှ။
BẠN ĐANG ĐỌC
Piggy Bank
Fanfictionစုဘူးလေး မပြည့်ခင်မှာ ထွက်သွားတယ်။ စုဘူးလေး ပြည့်ခါနီးမှာ ပြန်ရောက်လာတယ်။ ရိပေါ်က သိပ်ဆိုးတယ်..... ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့် ချစ်တယ်။