အပိုင်း (၁၇) Unicode

3.6K 346 26
                                    

ညကျရင် သောက်ဖို့စားဖို့အတွက် ဘီယာတွေဝယ်ခြမ်းရေးတာဝန်ကို မဲနှိုက်လိုက်သည့်အခါ ဝမ်ရိပေါ်နဲ့ဇန်က အဝယ်တော် ရာထူးရသွားတော့​၏။ သူတို့တည်းသည့်ဟိုတယ်မှာလည်း ရနိုင်ပေမယ့် အပျော်ခရီး​၏ ထုံးစံအတိုင်း တခြားအနီးအနားမြို့က နာမည်ကြီးသောက်စရာလေးတွေလည်း လူငယ်သဘာဝ မြည်းစမ်းချင်ကြတာကြောင့်ပင်။

ရှန် နဲ့ အခြားကျောင်းသားတစ်ယောက်ကလည်း ညနေပိုင်းလောက်ကတည်းက ဆိုင်ကယ်တစ်စီးဖြင့် လျှောက်လည်ပတ်နေတာဖြစ်သည်။

ဝမ်ရိပေါ် ကျန့်ကျန့်နဲ့ ကျန်ခဲ့မည့် ရစ်ကီ ဘက်ကိုလှည့်ပြီး...

"ဟိုတစ်ယောက်ကို သေချာကြည့်ထား..."

"ငါနဲ့စိတ်ချတယ်ပေါ့..."

"ဟက်..."

"ဟုတ်တယ်လို့ ဝန်ခံလိုက်စမ်းပါ...တခြားလူတွေထက်စာရင် ငှက်ပေါက်ကို ငါနဲ့စိတ်ချတယ်လို့ မင်းထင်လို့မလား..."

ဝမ်ရိပေါ် ပြောင်စပ်စပ်လုပ်နေတဲ့ ရစ်ကီကို ထပ်မပြောလိုတော့တာကြောင့် ကျန့်ကျန့်ဆီကိုသွားပြီး ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ကာ...

"ငြိမ်ငြိမ်လေးနေခဲ့နော်...တစ်နာရီလောက်ပဲကြာမှာ...ဟိုကောင် ရစ်ကီပါးတွေဘာတွေလာဆွဲရင် အဲ့ဒိလက်ကို ကိုက်ပစ် ကြားလား..."

"အင်းအင်း...ကျန့်ကျန့် ကိုက်ပစ်မယ်..."

"ဟိတ်...ဟိတ်...ငှက်ပေါက်...ဘာကို ကိုက်ပစ်မှာလဲ..."

"ကဲ အဲ့တာဆို ငါသွားမယ် ကျန့်ကျန့်..."

"အင်းအင်း..."

ဝမ်ရိပေါ် နဲ့ ဇန် ထွက်သွားပြီးလို့ ဆယ့်ငါးမိနစ်လောက်ကြာသည့်အခါ ရစ်ကီတစ်ယောက်ဗိုက်ထဲရစ်နာလာသည်။ နေ့ခင်းတုန်းက ကမ်းခြေမှာရောင်းသမျှ ပင်လယ်စာတွေအကုန်ပတ်စားထားခြင်း​၏ အကျိုးကျေးဇူးတွေဖြစ်​၏။

"ငှက်ပေါက်..."

"ဟင်..."

"ငါ ဟိုတယ် အခန်းထဲ ခဏပြန်ဦးမယ်...သန့်စင်ခန်းသွားမလို့..."

"အင်းအင်း..."

"ဒီမှာငြိမ်ငြိမ်လေးနေခဲ့မလား...လိုက်ခဲ့မလား..."

Piggy BankWhere stories live. Discover now