အပိုင်း(၁၀) Unicode

3.6K 380 26
                                    

"နှစ်ဆ တစ်ဆပေးတယ်..."

ဘေကျင်းပြန်ရောက်ပြီး ကျောင်းပြန်တက်တာနှင့် ဝမ်ရိပေါ်​၏ ဗီဇက ပြန်ပေါ်လာသည်။

ဝမ်ရိပေါ်သူနဲ့ မေဂျာတူ အတန်းတူထဲက ရစ်ကီဆိုတဲ့ တစ်ယောက်နှင့် အလောင်းအစားတစ်ခုကို လုပ်ဖို့သဘောတူလိုက်သည်။ ဝမ်ရိပေါ်နဲ့ ရစ်ကီက ကျောင်းစစတက်ချင်းတစ်ပတ်အတွင်းလောက်မှာပင် မျက်နှာကြောမတည့်ကြဘဲ ရန်ညိချင်နေသလိုလို ဖြစ်နေတာပင်။

ပထမ တစ်ခေါက် ဘတ်စကတ်ဘောပြိုင်ဆော့တုန်းကလည်း ရစ်ကီ ဘက်က ရှုံးသည်။ ဒုတိယတစ်ခေါက်ပြိုင်ကားမောင်းပြိုင်တော့လည်း ရစ်ကီဘက်ကရှုံး​၏။

ဒီအတောအတွင်းပြိုင်ခဲ့သမျှ ရစ်ကီ ဘက်က ရှုံးတာပဲဖြစ်သည်။ ဒါ့ကြောင့် ဝမ်ရိပေါ်ဘက်က ဒီတစ်ခေါက်ပြိုင်ပွဲမှာ နှစ်ဆတစ်ဆ လောင်းကြေးထပ်လိုက်တာဖြစ်သည်။ သို့သော် ရစ်ကီက မကျေနပ်ဘဲ...

"နှစ်ဆတစ်ဆ ပေးစရာမလိုဘူး...ဆတူချင်းပဲပြိုင်မယ်..."

"ပြီးတာပဲ..."

ရစ်ကီကဆက်ပြီး...

"ဒီနေ့ကစလို့ ရက်သုံးဆယ် တိတိမှာ အရှုံးအနိုင်ကိုဆုံးဖြတ်မယ်...လောင်းကြေးက ပြိုင်ကားနှစ်စီးကြေး..."

"အခုကတည်းက ငါ့အိမ်က ကားဂိုထောင်ထဲမှာ လာထည့်ထားလိုက်..."

ပွဲမစခင်လောင်းကြေးသတ်မှတ်သည့် အချိန်မှာပင် ဝမ်ရိပေါ် စကားဖြင့်အနိုင်ပိုင်းကာ လက်ကနာရီကိုတစ်ချက်ကြည့်ပြီးထိုနေရာကထွက်လာသည်။ဝမ်ရိပေါ်​၏ အနောက်မှာ မကြာသေးခင်ကမှ သူငယ်ချင်းဖြစ်သွားကြသည့် ရှန် နဲ့ ဇန်ဆိုသည့် အမွှာနှစ်ယောက်က လိုက်လာကာ ဝမ်ရိပေါ်​၏ ပုခုံးကို ပုတ်လိုက်ပြီး...

"အပြောမစောနဲ့ ဝမ်ရိပေါ်...အဲ့ဒိ ကွန်ပျူတာ မေဂျာကွင်းကလိုက်ဖို့ အရမ်းခက်တာနော် ဟေ့ကောင်..."

ဝမ်ရိပေါ်က မထိတရိပြုံး၍...

"လွယ်နေရင် ပျင်းဖို့ကောင်းမှာပေါ့...ဟက်..."

"အေးပါ မင်းပိုင်ရင်ပြီးတာပဲ ဒါနဲ့ မင်းအခုဘယ်သွားမလို့လဲ..."

ရှန် နဲ့ ဇန် နှစ်ယောက် သူတို့ကြည့်နေတာ ဝမ်ရိပေါ်တစ်ယောက် နေ့လည်စာစားချိန်ဆိုပျောက်ပျောက်သွားတတ်တာဖြစ်သည်။ အရင်ကသိပ်မရင်းနှီးသေးတော့ မမေးဖြစ်။ ဝမ်ရိပေါ် နေ့လည်စာစားချိန်တွေ ဘယ်သွားစားလဲသိချင်တာကြောင့် ဇန်ကစပြီး...

Piggy BankWhere stories live. Discover now