"ကျန့်ကျန့်လေး ဒါကို တီတီ့အစား ရိပေါ်အခန်းထဲယူသွားပေးလိုက်ပါဦးနော်..."
"အင်းအင်း ကျန့်ကျန့်ယူသွားပေးမယ်..."
ဟုန်လိ၏လက်ထဲက မုန့်ပန်းကန်လေးနဲ့ အအေးခွက်လေးကို ကျန့်ကျန့်ပြောင်းယူ၍ အပေါ်ထပ်ရှိ ဝမ်ရိပေါ်၏အခန်းဆီသို့လျှောက်လာသည်။ ဝမ်ရိပေါ်၏အခန်းတံခါးကအပြည့်ပိတ်ထားတာမဟုတ်ဘဲ အနည်းငယ်ဟနေတာဖြစ်၍ ထိုဟထားသော တံခါးမှထွက်ပေါ်လာသည့် စကားသံကြောင့် ကျန့်ကျန့်၏ခြေလှမ်းလေးများတုံ့ဆိုင်းသွားရသည်။
"ကိုယ်က ရေချယ်လ်ကို သိပ်ချစ်တာလေ...ရေချယ်လ် ဘက်က ကိုယ့်ကိုပြန်ချစ်ဖို့ပဲလိုတော့တာ..."
"....."
"မယုံလို့လား...ကိုယ်ဘာလုပ်ပြရမလဲ ကိုယ့်ဘဝမှာ ဘယ်သူ့ကိုမှ ချစ်ဖူးသေးတာ မဟုတ်ဘူးနော် ရေချယ်လ်ကသာ ကိုယ့်ရဲ့ ဦးဆုံးလေး..."
"....."
"ဟားဟား လိမ်နေတာ မဟုတ်ရပါဘူး...ချစ်တယ် ချစ်တယ် အရမ်းချစ်တယ်..."
"....."
"အချိန်မဆွဲနဲ့...ကိုယ်ကတော့ ဒီလမကုန်ခင် အဖြေပြန်လိုချင်တာ..."
ဝမ်ရိပေါ် ဖုန်းပြောနေတာကြောင့် ကျန့်ကျန့် အထဲကိုဆက်မဝင်တော့ဘဲ အခန်းတံခါးရှေ့ ကြမ်းပြင်လေးမှာပဲ သူယူလာတဲ့ မုန့်နဲ့ အအေးလေးကို ချပြီးထွက်သွားတော့သည်။
*ရိပေါ်က ကျန့်ကျန့်ကို မချစ်ဘူး...ရိပေါ်က ရေချယ်လ်လို့ခေါ်တဲ့ သူကိုချစ်တယ်*
ကျန့်ကျန့်သူအခန်းထဲကိုပြန်ဝင်လာပြီး လက်ဆွဲအိတ်လေးထဲကို သူ့ရဲ့အသုံးအဆောင်ပစ္စည်းတွေ အဝတ်အစားလေးတွေ နောက်ဆုံးအနေနဲ့ သူ့ရဲ့စုဘူးလေးကိုပါ ထည့်လိုက်သည်။ထို့နောက် အထုပ်ကိုမနိုင့်တနိုင်ဆွဲပြီး ကျန်လက်တစ်ဖက်ကနေလည်း ခေါင်းအုံးလေးပိုက်လို့ အိမ်အောက်ထပ်ကိုဆင်းလာသည်။ ဒါကို ချင်လိတွေ့တော့...
"ကျန့်ကျန့်လေး ဒီအချိန်ကြီးဘာလုပ်မလို့လဲ..."
"မမချင်လိ ကျန့်ကျန့်ကို အိမ်ရှေ့တံခါးလေးနဲ့ ခြံတံခါးလေးဖွင့်ပေးပါ..."
YOU ARE READING
Piggy Bank
Fanfictionစုဘူးလေး မပြည့်ခင်မှာ ထွက်သွားတယ်။ စုဘူးလေး ပြည့်ခါနီးမှာ ပြန်ရောက်လာတယ်။ ရိပေါ်က သိပ်ဆိုးတယ်..... ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့် ချစ်တယ်။