Unicode.
Alex is Yours.
(A.n! မီးနီခပ်ကြီးကြီးပါ။ ကလေးတွေ လှည့်မပြန်ဘဲ ဖတ်ချင်လည်း ဖတ်၊ ခိုးမဖတ်ဘဲ နှစ်ဆုံးရဲ့နောက်ဆုံးနေ့မှာတော့ ရိုးသားကြစမ်းပါ။
အရေးအသားတော့ ထိန်းထားပေမယ့် ဘစ်ဝမ်နင်းပါ။ မီးနီ!မီးနီ !
သို့ပေသိ မရည်ရွယ်ဘဲ ရီဝေဝေဖြစ်နေလို့ one shotတော့ တစ်ခါတည်း မဟုတ်သွားဘူး။ နောက်ရက်၊ နောက်တစ်ရက်ရက်မှာ သေချာလေး အဆုံးသတ်ပေးပါ့မယ်။ Happy New yearအတွက် လက်ဆောင်ပါ)°သခင်က မှန်သားပြင်တွေကို သဘောကျတယ်။
ကျွန်တော့်ရဲ့ ညစ်တီးညစ်ပတ်ပြိုလဲနေမှုတွေ မှန်သားပြင်ပေါ် ထင်ဟပ်နေတာကို ပိုပြီးနှစ်ခြိုက်သေးတယ်°နောက်ကျနေမှု တစ်ခုကြောင့် Alexဆိုသည့် ကောင်လေးက Floridaရဲ့ လူသွားလမ်းတစ်လျှောက် ပြေးလွှားနေရသည်။
ကျောတွင် ပိုးထားသည့် Laptopနှင့် စာအုပ်၊စာတမ်းတစ်ချို့ ထည့်ထားသည့် အိတ်အနက်သည် အတော်အသင့်တော့ လေးလံသည်။
ချွေးစတို့ စိုစွတ်နေသည့် အသွင်အပြင်က မောဟိုက်လွန်းနေပေမယ့် အမောဖြေဖို့အတွက် Alex အလှည့်မပေးနိုင်သေးချေ။
ခြေထောက်တို့တွင်သာ အားကို အပြည့်ထည့်၍ အပြင်းနှင်နေရသည်။
လက်က နာရီဆီ အကြမ်းပတမ်းအကဲခတ်တော့ အချိန် မမီတော့ေပ။
မိုးမျှော်တိုက်တစ်ခုရဲ့ အရှေ့ကို အရောက် ခမ်းနားထည်ဝါမှုကို မျှော်မငေးနိုင်။
°ကိုးနာရီခွဲ အတိမှာ မင်း ကိုယ့်ဆီရောက်နေရမယ် Bear °
စက်လှေကားဆီ အမြန်ပြေးဝင်ရင်း တတိယမြောက်အထပ်ဆီ ဦးတည်ရသည်ကြောင့် မောဟိုက်နေသည့် ရင်အစုံက ပို၍ တုန်ခါလာရသည်။
အခန်းနံပါတ်ကိုး ရှေ့ ရပ်လျက် သုံးစက္ကန့်လောက်အတွင်း တည်ငြိမ်အောင် အမောဖြေရသည်။
အခန်းတံခါးရှေ့ ရပ်မိသည်နှင့် ချောက်ခနဲ ပွင့်လာသည့် တံခါးကြောင့် ကျောက်ရုပ်ကလေးလို တောင့်တောင့်လေး ဝင်လိုက်ရသည်။
ထိုတိုက်ခန်းလေးက ပုံမှန်ဆို သက်တောင့်သက်သာ ဝင်ရဲသည့် ရင်းနှီးနေသည့် မိတ်ဆွေလို ဆက်နွယ်မှုမျိုးရှိသည်။