Chapter...1

144K 7.4K 704
                                    

ကရင်ပြည်နယ်က ရွာလေးတစ်ရွာဖြစ်တဲ့
ဌာနီကုန်းဆိုတဲ့ ရွာလေးက အိမ်ခြေသိပ်မများ
တဲ့ အေးချမ်းသာယာဖို့ကောင်းတဲ့ရွာလေး
ဖြစ်ပါတယ်။

(ကရင်ပြည်နယ်မှာ ဌာနီကုန်းရွာလေးဟာ
တကယ်ရှိပါတယ်နော်)

လူဦးရေသိပ်မထူထပ်ပေမဲ့ ရွာရှိလူများက
လယ်ယာလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြတဲ့
လယ်တောရွာလေးဖြစ်ပါတယ်။သာမာန်အ
ခြေခံလူတန်းစားတွေကများပြားပြီး လက်လုပ်လက်စားတွေဖြစ်ကာ ချမ်းသာတဲ့
လူတန်းစားကနည်းပါးလေသည်။

တနေ့လုပ်မှတနေ့စားရတဲ့ဘဝတွေကများ
ပြားသလို တပိုင်တနိင်လုပ်ငန်းလေးတွေလုပ်
ကာအသက်မွေးကြလေသည်။ သာယာအေး
ချမ်းဖို့ကောင်းသလို ညနေဘက်လုံမပျိုတွေ
ရဲ့ ရေခပ်ဆင်းတဲ့အလှကလည်းကြည့်ရှုသူ
ရင်ထဲ ဘဝင်ဆူစရာပင်။

"ခတ္တာ ပြီးရင်ရွာထဲအကြော်တွေလှည့်ရောင်း
ဦးနော်"

"ဟုတ် အမေလည်းဒီအကြော်လေးတွေကြော်
ပြီးရင် နားတော့နော်"

ပါးပြင်မှာ သနပ်ခါးလေးတွေသင်းထုံမွှေး
ကြိုင်နေအောင် ပါးကွက်ညီညီကွက်ထားတဲ့
ခတ္တာလေးရဲ့အလှဟာ ဝါခေါင်လမှာပွင့်တဲ့
ခတ္တာပန်းလေးလိုဖြူစင်ကျော့ရှင်းတဲ့အလှ
မျိုး။

ရွာထဲကလူများက ခတ္တာကို လင်ကောင်မပေါ်
ဘဲမွေးလာတဲ့ကလေးဆိုပြီး ကဲ့ရဲ့ရှုပ်ချကြသ
လို ခြေတဖက်ခွင်နေတဲ့မသန်စွမ်းအမေရှိတာ
ကြောင့်လည်း ကဲ့ရဲ့ရှုပ်ချကြလေသည်။ ရွာ
ထဲက မိန်းမများရဲ့နေ့ခင်းအားလပ်ချိန် အ
တင်းတုတ်တဲ့စကားဝိုင်းမှာတော့ ခတ္တာလေး
တို့သားအမိက မပါမဖြစ်ပေ။

ခတ္တာကို အမေဖြစ်သူကလင်ကောင်မပေါ်ဘဲ
မွေးလာရပေမဲ့ သိပ်ကိုချစ်ရှာသည်။ခတ္တာ
လေး ဗိုက်ထဲမှာရှိစဥ်က ကိုယ်ဝန်ဆောင်ဗိုက်
ကြီးသည်ပေမဲ့ သူများအိမ် အဝတ်လျှော်ရင်း
ခက်ခက်ခဲခဲမွေးခဲ့ရလေသည်။ တကောင်ကြွက် ခြေတဖက်ခွင်နေတဲ့ လင်မရှိ
ဘဲမွေးလာတဲ့ မသန်စွမ်းကလေးမလေးဟာ
တယောက်တည်း ခတ္တာလေးကိုမွေးဖွားရင်း
ခက်ခဲပင်ပန်းတဲ့ဒဏ်တွေကို ဖြတ်ကျော်ခဲ့ရ
သည်။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now