Chapter...8

74.4K 5.4K 247
                                    

သရဝဏ်ထွဋ်ခေါင် ဆိုသည့်သူကငယ်ငယ်
တည်းကချမ်းသာကြွယ်ဝစွာနဲ့ကြီးပြင်းဖြတ်
သန်းခဲ့ရပေမဲ့ လိုအပ်ချက်တစ်ခုကတော့သူ့
ဘဝမှာအမြဲရှိနေခဲ့တယ်။

ကလေးဘဝမှာတင်မိဘနှစ်ယောက်လုံးက
သဘောထားမတိုက်ဆိုင်လို့ဆိုပြီးလင်ခန်းမ
ယားခန်းပြတ်ကာကွာရှင်းလိုက်ကြလေသည်။သို့ပေမဲ့လူကြားကောင်းအောင်သာ ဆက်ဆံ
ရေးအဆင်မပြေလို့ဆက်လက်ပေါင်းသင်းဖို့
မသင့်လို့ဆိုပြီးသတင်းလွှင့်ပေမဲ့ နောက်ကွယ်
မှာတော့ နိင်ငံရပ်ခြားတွင်အခြေချနေထိုင်ကာ
အသီးသီးနောက်လင်နောက်မယားတွေနဲ့
ပျော်ပါးနေကြခြင်းဖြစ်လေသည်။

သရဝဏ်ထွဋ်ခေါင် မှာလည်းမိဘနှစ်ပါးက
ကွာရှင်းပြီးမိတကွဲဖတကွဲနေရတယ်ဆိုပြီး
ငိုယိုနေဖို့ဝေးလာဝေး ဂရုတောင်မစိုက်ဘဲ
ဂျာမနီကအဖိုးအဖွားတွေဆီမှာသွားနေပြီး
ဘွဲ့ရတဲ့ထိအဲ့မှာဘဲကျောင်းတတ်ခဲ့လေသည်။
ငယ်ငယ်တည်းကဉာဏ်အရမ်းကောင်းတာ
ကြောင့်အားကစားကောကျောင်းစာမှာပါထူး
ချွန်ပြီးအမှတ်အများဆုံးနဲ့အကောင်းဆုံးကျောင်းတွေမှာကျောင်းဝင်ခွင့်ရတဲ့အထိဘဲ။
အဖိုးအဖွားတွေဆုံးပါးချိန်မှာတော့မိဘတွေ
ကိုပင်အဆက်အသွယ်မလုပ်တော့ဘဲဒီလော
ကထဲဝင်လာခဲ့ခြင်းဖြစ်လေသည်။

ပင်ကိုယ်ဗီဇကသွေးအေးတဲ့သူမို့မျက်ရည်
လွယ်လွယ်မကျတတ်ဘဲ ကျောင်းတတ်တုန်း
ကတွဲခဲ့ဖူးတဲ့မိန်းကလေးကသစ္စာဖောက်တာ
ပြီးတည်းက စိတ်နာ၍အချစ်ဆိူတာနဲ့ဝေးဝေး
နေခဲ့သူဖြစ်လေသည်။

သို့သော်လည်း ဒီအလှလေးနဲ့တွေ့ချိန်မှာ
တော့ ပြောမပြတတ်အောင်ရင်ခုန်မိပြီးလူကြ
မ်းကြီးဖြစ်တဲ့သူ့အသည်းနှလုံးက အလှလေး
ကြောင့်ထပ်မံအရည်ပျော်သွားလေတော့လေ
သည်။

လာရောက်တဲ့ရပ်ရွာကရွာသားတွေကိုခတ္တာနဲ့
ဒေါ်နှင်းမြက ကောက်ညှင်းပေါင်းနဲ့အကြော်
ကိုတည့်ခင်းဧည့်ခံလေသည်။ကူလုပ်ပေးကြ
တဲ့သူတွေကလည်းတပျော်ပါးပါးနှင့်စားလိုက်
ကြသောက်လိုက်ကြ သရဝဏ်ထွဋ်ခေါင် ဘယ်လောက်ခန့်ညားချောမောလဲဆိုတာပြော
လိုက်ကြနှင့်တရုမ်းရုမ်းဖြစ်နေလေတော့သည်။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now