Chapter...6

77.5K 5.7K 310
                                    

ရွာတွေရဲ့ထမင်းစားဝိုင်းမှာတော့ ငပိရည်ကို
ငရုတ်သီးစိမ်းထောင်း၍ဖျော်ကာ တို့စရာအစုံ
အလင်နှင့် ဟင်းမပါရင်နေပါစေ ငပိရည်တိုစ
ရာပါရင်ရပြီဆိုသည့်အတိုင်း ငပိရည်ကိုခုံမင်
စွာစားသုံးကြလေသည်။

ညနေစာထမင်းစားဝိုင်းလေးမှာတော့ ငပိရည်
ကို ကုလားအော်သီး (ခေါ်) အာဝါးသီးကိုမီး
ဖုတ်ပြီးထည့်ကာဖျော်ထားသလို တို့စရာအစုံ
အလင်နှင့် ညနေကချက်ထားတဲ့ငရံငါးချဥ်စပ်
ဟင်းလေးဖြင့် ပြင်ထားလေသည်။

ထမင်းစားဝိုင်းကို သရဝဏ်ထွဋ်ခေါင် ထိုင်
လိုက်ပြီး ဟင်းအမယ်တွေကိုကြည့်လိုက်လေ
သည်။ ထိုအတူ ခတ္တာမှာလည်း ထမင်းမစား
နိင်သေးဘဲ သူ့ချက်ထားတဲ့ဟင်းကိုမကြိုက်
လေရော့သလားဆိုပြီး အရိပ်အခြည်ကြည့်
နေလေသည်။

ဟင်းအမယ်ဆယ်မျိုးလောက်နှင့် စားခဲ့သည့်
သူ့အနေနဲ့ အိမ်စေတွေချက်တဲ့ဟင်းတွေကို
တောင် တို့ခနဲ့ဆိတ်ခနဲ့သာစားခဲ့တာချည်း။
အစပ်မစားနိင်တဲ့ သူ့ကိုတော့ထမင်းစားဝိုင်း
က အစပ်ရနံ့လေးတွေကလှောင်ပြနေလေပြီ။

"အကိုလေး ကျုပ်ချက်တာမစားချင်လို့လား
ဟင် အဲ့ဒါဆိုဘာစားချင်လဲ"

"မဟုတ်ပါဘူး အခုကလည်း"

"အကိုလေးမစားချင်ရင် ကျုပ်ဘာထပ်လုပ်
ပေးရမလဲ အကိုလေးစားချင်တာပြောနော်"

"အမလေး ခတ္တာရယ် လင်ပြောတဲ့စကားကို
လည်းစောင့်ပါဦး တကတည်းတော်"

ထမင်းစားနေပြီဖြစ်တဲ့အမေက ကြားထဲကမ
နေနိင်စွာ ဝင်ပြောရလေသည်။ တကတည်း
အဖြစ်သည်းနေတာ လင်ကမစားသေးဘဲ
မျက်လုံးလေးနဲ့ကြည့်နေတုန်းရှိသေး ပြာပြာ
သလဲထဖြစ်ရတယ်လို့။ ငါတောင်စားလို့ကုန်
တော့မယ် အခုထိမစားနိင်သေးဘူး လင်တစ်
မျက်နှာလုပ်ကောင်းနေတာ။

"မင်းချက်တဲ့ဟင်းကစားကောင်းမဲ့ပုံမို့ ခနငေး
ကြည့်မိတာပါ ဒါဆိုအားမနာတော့ဘူး အဝ
စားမှာ"

သူလေးချက်ထားတဲ့ဟင်းပန်းကန်ထဲက ငါး
ဖတ်တွေကို ထမင်းပန်းကန်ထဲသို့ထည့်ပြီး
အရည်တွေနှင့်နယ်ဖက်ကာစားပြလိုက်မှ
ပြုံးလာပြီး ထမင်းစားတော့လေသည်။အစပ်
မစားနိင်တဲ့သူ့အဖို့ မျက်ရည်ကျမိအောင်စပ်
ပေမဲ့ အိမ်စေတွေချက်တဲ့ဟင်းနဲ့မတူအောင်
အရသာရှိနေလေတော့ စပ်စပ်နဲ့ဘဲဆွဲမိလေ
တော့သည်။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now